Main menu

Background

ရောနှောဆီများ ဈေးကွက် တွင်ကျယ်လာ၍ ဆီစက်လုပ်ငန်းများရပ်ဆိုင်းထား

Mon, 05/20/2013 - 14:49 -- ydnar

မန္တလေးဈေးကွက်မှာ ဆီစက် လုပ်ငန်းများ ရာခိုင်နှုန်းပြည့်နီးပါး ရပ် ဆိုင်းထားရပြီး၊ ရောနှောဆီ ဈေးကွက် တွင်ကျယ်လျက်ရှိကြောင်း သိရပါ တယ်။ တံဆိပ်နဲ့ နာမည်ယူရောင်းချတဲ့ ဆီစက်အနည်းငယ်သာ စက်လည်ပတ် မှု ရှိပြီး၊ ရောနှောဆီအသုံးများခြင်း၊ စက်မှုဇုန်များ မီးဖြတ်ထားခြင်းကြောင့် ဆီစက်လည်ပတ်မှု ပိုပြီးနည်းလာပါ တယ်။

မန္တလေး တိုင်းဒေသကြီး၊ ဆီစက် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးထွန်းထွန်းက " ဆီစက်အတော် များ များက မျှော်လင့်ချက်မရှိလို့ နားထားရ တယ်။ကန်ဆီ၊ ပုံးဝါဆီတွေလည်း ဝင်နေ တော့ ပဲဆီနဲ့ ဈေးကွာတဲ့ အတွက် ဈေး နည်းတာပဲ သုံးစွဲကြတယ်။ကုန်ကြမ်း အဝင်လည်းနည်းနေသေးတယ်။နောက် လမှ ကုန်ကြမ်းဝင် မယ်။ ဒေါ်လာ ဈေး မြင့်လို့ စားအုန်းဆီဈေးလည်း မြင့်လာ တယ်။ စားဆီတစ်ပိဿာကို ၅၀၀ ကျပ် နဲ့ ၇၀၀ ကျပ်ကြားဈေးတက်တယ်။ တစ် ပတ်အတွင်း မြင့်တက်လာတာ "လို့ ပြောပါတယ်။ အာရှသားဆီစက် ဦးသန်းလွင် မှလည်း " ဈေးကွက်မှာ စားဆီကို အနံ့ ထည့်ပြီး၊ ပဲဆီလုပ်ရောင်းတာရှိသလို ပုံးဝါဆီကို အနံ့ထည့်ရောင်းတာလည်း ရှိတယ်။ အမြတ်များများ လိုချင်တဲ့သူ ကတော့ စားဆီကိုပဲ ရောနှောရောင်း ချတယ်။ ပဲဆီဈေးကွက်က ဈေးနှစ်မျိုးနဲ့ ရောင်းချတာ တွေ့ရတယ်။ ပဲဆီအစစ် တစ်ပိဿာကို ၃၂၀၀ ကျပ်နဲ့ ၃၇၀၀ ကျပ်ကြားရှိပြီး၊ ရောနှောရောင်းချတဲ့ ဆီက တစ်ပိဿာကို ၁၉၀၀ ကျပ် - ၂၀၀၀ ကျပ်နဲ့ရောင်းချတယ်။ ၂၀၀၀ ကျပ်တန် ပဲဆီဆိုပြီး ရောင်းနေကြတာ။ စားဆီဈေးတက်လို့ ရောနှောဆီ တစ် ပိဿာကို ၂၀ - ၃၀လိုက်တက် တယ်။ ပဲဆီကုန်ကြမ်းကျလို့ ပဲဆီအစစ်က ၂၀၀ ကျပ်ဝန်းကျင်ဈေးကျလာတယ် " လို့ ပြောပါတယ်။ ပြည်ပမှဝင်တဲ့ စားဆီနဲ့ ယိုးဒယား ပုံး ဝါဆီများမှာယခင်တစ်ပတ်မှာ ရာသီ ဥတုအခြေအနေကြောင့်နဲ့ ငွေဈေး မြင့်  တက်လာခြင်းကြောင့် ဈေးမြင့်တက် မှု ရှိပြီး၊ အဝင်နည်းလာကြောင်း သိရပါ တယ်။ စားဆီတစ်ပိဿာကို ယခင် တစ်ပတ်က ၁၅၁၀ ကျပ်မှ ဈေးမြင့်ခဲ့ရာ ယခုတစ်ပတ်မှာ ၁၆၄၀ ကျပ်ဈေးရှိပြီး၊ ပုံးဝါဆီတစ်ပုံးကို ၁၈၄၀၀ ကျပ်ဈေး ရှိကြောင်း သိရပါတယ်။    ဇူးဇူး - မန္တလေး