Main menu

Background

စတုတ္ထလအဖြစ် မလေးရှားနိုင်ငံက စားအုန်းဆီ ပို့ကုန်ခွန်ကို မပြောင်းဘဲဆက်ထား

Mon, 05/20/2013 - 14:52 -- ydnar

ကမ္ဘာပေါ်မှာ စားအုန်းဆီဒုတိယ အများဆုံးထုတ်လုပ်တဲ့ မလေးရှားနိုင်ငံ က ဈေးနှုန်းများ ကျဆင်းနေချိန်မှာ တင်ပို့မှုကို တိုးမြှင့်နိုင်ဖို့နဲ့ သိုလှောင်မှု လက်ကျန်ကို လျှော့ချဖို့အတွက် မလေး ရှားနိုင်ငံက ပို့ကုန်ခွန်ကို ဇွန်လအထိ စတုတ္ထလအဖြစ် ဆက်လက် ထားရှိမှာ ဖြစ်ပါတယ်။ ကြိုရောင်းကြိုဝယ်ဈေး များလည်း ကျဆင်းခဲ့ပါတယ်။

ရည်ညွှန်းဈေးနှုန်း မက်ထရစ်တစ် တန်ကို ၂၃၃၂ ဒသမ ၀၂ ရင်းဂစ် ၇၇၇  ဒေါ်လာနှုန်းသတ်မှတ်ထားတဲ့ အတွက် အခွန်ကောက်ခံဖို့ သတ်မှတ်ထားချက် အတွင်း ရှိနေတဲ့အတွက် ပြည်ပတင်ပို့မှု အတွက်အခွန်ကိုလာမယ့် လမှာ ၄ ဒသမ ၅ ရာခိုင်နှုန်းထိ တိုးမြှင့်မှာဖြစ် ကြောင်း၊ အကောက်ခွန်ဌာနကြေညာ ချက်မှာ ဖော်ပြထားပါတယ်။ အခွန် နှုန်းထားမှ မတ်လမှာ ၄ ဒသမ ၅ ရာခိုင် နှုန်းထိ တိုးမြှင့်မပေးမီအချိန်က ဖေဖော် ဝါရီလနဲ့ ဇန်နဝါရီလတို့မှာ သုညရာ ခိုင်နှုန်း သတ်မှတ်ထားခဲ့ပါတယ်။ မလေးရှားမှာ ထုတ်လုပ်မှုက ဝယ် လိုအားကို ကျော်လွန်နေတဲ့ အတွက် သိုလှောင်မှုလက်ကျန်မှာ ဒီဇင်ဘာလ မှာ စံချိန်တင်ရောက်ရှိခဲ့ပြီး၊ ကြိုရောင်း ကြိုဝယ်ဈေးမှာ ယခင်နှစ်က ၂၄ ရာခိုင် နှုန်း မြင့်တက်ခဲ့ပါတယ်။  မလေးရှား အစိုးရက အင်ဒိုနီးရှားနိုင်ငံနဲ့ ယှဉ်ပြိုင် နိုင်ဖို့နဲ့ သိုလှောင်လက်ကျန်ကို လျှော့ချ ဖို့ အခွန်နှုန်းကို ၂၃ ရာခိုင်နှုန်း သတ် မှတ်ထားရာမှ ၄ ဒသမ ၅ ရာခိုင်နှုန်းမှ ၈ ဒသမ ၅ ရာခိုင်နှုန်းအကြား လျှော့ချ မှာဖြစ်ကြောင်းမလေးရှားအစိုးရက အောက်တိုဘာလကကြေညာခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက တင်ပို့ခွန်ကို ယခင်လက ၁၀ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ရာမှ ယခုလမှာ ၉ ရာခိုင် နှုန်းကို လျှော့ချ သတ်မှတ်ခဲ့ပါတယ်။ ဇူလိုင်လ ဖြန့်ချိဖို့ ကြိုရောင်းဈေးဟာ Malaysia  Darivative  Exchange  မှာ တစ်တန်ကို ၂၂၇၇ ရင်းဂစ်ရှိခဲ့ပြီး၊ ကွာလာလမ်ပူမှာ မေ ၁၅ ရက် နံနက် ၁၁ နာရီက ၂၂၈၀ ရင်းဂစ်နှုန်း ရှိခဲ့ ကြောင်း  bloomberg.com  မှာ ဖော်ပြ ထားကြောင်း သိရပါတယ်။      UNT