ဝယ်လက်ရဲ့ လုပ်ရပ်များကြောင့် ဗီယက်နမ်ဆန်တင်ပို့သူများ ကြီးမားတဲ့အခက်အခဲနဲ့ ရင်ဆိုင်နေရ

ဗီယက်နမ်နိုင်ငံရဲ့ ဆန်အများဆုံး တင်ပို့နေရတဲ့ တရုတ် နိုင်ငံက ငွေပေးချေမှု ပျက်ကွက်ခြင်း ၊ ဈေးနှုန်းလျှော့ချခြင်းနဲ့ အရောင်းအဝယ်စာချုပ်ဖျက်သိမ်းခြင်းစတဲ့ ဝယ်လက်ရဲ့ညစ် ပတ်မှုများကြောင့် ဗီယက်နမ် ဆန်ပြည်ပတင်ပို့သူများ အခက် အခဲအကျပ်အတည်းနဲ့ရင်ဆိုင်နေကြရပါတယ်။

တရုတ်နိုင်ငံနဲ့ စာချုပ်ချုပ်ဆိုထားမှုရဲ့ ၆၄ ရာခိုင်နှုန်းကို စာချုပ် ဖျက်သိမ်းမှုခံနေရကြောင်း ပြည်တွင်း ဈေးကွက်ဌာန ဒုတိယ ညွှန်ကြားရေးမှူး Nguyen Xuam Chien ကပြော ကြားပါတယ်။  ၂၀၁၃ ခုနှစ်ဧပြီလကုန်ထိ ဗီယက်နမ်နိုင်ငံ သည် ဆန်တန်ချိန် ၄ ဒသမ ၂ သန်းကျော်တင်ပို့ရန် စာချုပ် ချုပ်ဆိုထားနိုင်ပြီး ယမန်နှစ်ကာလတူ ထက် ၁၀ ရာခိုင်နှုန်း နီးပါးပိုမိုခဲ့ပါတယ်။ စာချုပ်ပါ ပမာဏများအရ ဆန်တန်ချိန် ၂ ဒသမ ၀၈ သန်းခန့်တင်ပို့ရမှာ ဖြစ်ပါတယ်။ စာချုပ် ချုပ်ဆို တဲ့ ပမာဏများသော်လည်း အမှန်တကယ်တင်ပို့ရတဲ့ပမာဏ မှာမူ မမြင့်ကြောင်း၊ ဝယ်လက် တရုတ်နိုင်ငံမှာ ဆန်ဝယ်ယူ တင်သွင်းမဲ့သူများဟာ ဈေးနှုန်းဆွဲချခြင်း၊ ခြိမ်းခြောက်ခြင်း၊ စာချုပ်ဖျက်သိမ်းခြင်းများကို လုပ်ဆောင်လျက်ရှိပြီး တရုတ် နိုင်ငံသည် ၂၀၁၃ ခုနှစ်ပထမလေးလပတ်ကာလမှာ ဆန်တန် ချိန် ၁ ဒသမ ၆ သန်း ဗီယက်နမ်နိုင်ငံမှဝယ်ယူထားပြီး ဖြစ် တယ်လို့ ဗီယက်နမ်စားသောက်ကုန်အသင်းဥက္ကဋ္ဌက ပြော ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ဗီယက်နမ်မှဆန်အများဆုံးဝယ်ယူ သော နိုင်ငံဖြစ်သော်လည်း ချုပ်ဆိုထားပြီး စာချုပ်များရဲ့ ၆၄ ရာခိုင်နှုန်းခန့်ကို ဖျက်သိမ်းသွားတယ်လို့ အသင်းဥက္ကဋ္ဌက ပြောပါတယ်။ ဗီယက်နမ်ဆန်တင်ပို့တဲ့ကုမ္ပဏီတစ်ခုမှ ဒါရိုက်တာ တစ်ဦးက တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနဲ့ လုပ်ကိုင် ရသည်မှာ ခါးသီးတဲ့အတွေ့အကြုံကိုရရှိစေကြောင်း၊ ဆန်တန် ချိန် တစ်သောင်းအမှာစာရှိပြီး ဆန်ဖိုးငွေ ပေးချေခြင်းကို ဆန်တင်ပို့ပြီးမှသာပေးချေခြင်း၊ ဝယ်ယူတဲ့နိုင်ငံရဲ့ဆိပ်ကမ်း ကို ရောက်မှ သာပေးချေခြင်း၊ ဆန်အရည်အသွေးကိုမကျေနပ်ဟု ဆိုကာ ဈေးလျှော့ချခြင်းတို့ကိုလုပ်ဆောင်တဲ့အတွက် ဗီယက် နမ် ဆန်တင်ပို့သူ အနေနဲ့ ဆုပ်လည်းစူး စားလည်းရူး ဖြစ်ကာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုရောင်းချမှုများမှာလည်း အရှုံး နဲ့ ရင်ဆိုင်နေရတယ်လို့ပြောပါတယ်။ ကမ္ဘာ့ဆန်လိုအပ်ချက် လျော့နည်းချိန် မှာ တရုတ်နိုင်ငံသို့ ဆန်အများဆုံး တင်ပို့ခွင့် ရရှိနေသော်လည်း မီးနဲ့ကစားရသကဲ့သို့ ဖြစ်နေတယ်လို့ လည်း ပြောပါတယ်။ ဗီယက်နမ်နိုင်ငံအတွက် တရုတ်နိုင်ငံဟာ ဈေးကွက်အရ မဟာဗျူဟာကျတဲ့နိုင်ငံအဖြစ် ထည့်သွင်း စဉ်းစားလို့ မရနိုင် ဘူးလို့လည်း ဖြည့်စွက်ပြောကြားပါတယ်။ ၂၀၁၂ ခုနှစ်တွင် ဗီယက်နမ်မှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ မှု ပမာဏဟာ ၂၀၁၁ ခုနှစ်ထက် ၁၀ ဆကျော် တန်ချိန် အားဖြင့် ၂ ဒသမ ၂ သန်းထိတင်ပို့ခဲ့ရပြီး နယ်စပ်ဖြတ်ကျော်၍ ဆန်တန်ချိန် ၅၀၀ လည်းတင်ပို့နိုင်ခဲ့ တယ်လို့သိရပါတယ်။ ၂၀၁၂ ခုနှစ်ကစပြီး ဗီယက်နမ်စားသောက်ကုန်အသင်း VFA သည် အဆင့်မြင့်ဆန်တင်ပို့ရေးဌာန ထူထောင်ပြီး အရည်အသွေးမြင့် ဆန်များ တင်ပို့နိုင်ရေး ဆောင်ရွက်နေ ပြီဖြစ်ပါတယ်။ စက်မှုနဲ့ကုန်သွယ်ရေးဝန်ကြီး ဌာနကတော့ တရုတ်နိုင်ငံသို့ တင်ပို့နေသော ဆန်ပြည်ပတင်ပို့သူများအား အာဖရိက၊ တောင်အမေရိကနဲ့ အမေရိကတိုက်အလယ်ပိုင်း နိုင်ငံများသို့ ဈေးကွက်တိုးချဲ့တင်ပို့နိုင်ရေး ကြိုးပမ်း ဆောင် ရွက်ကြရန် တိုက်တွန်းပြောကြားလျက်ရှိပါတယ်။ ၂၀၁၃ ခုနှစ် ပထမလေးလအတွင်း ဗီယက်နမ်နိုင်ငံမှ အာဖရိကသို့ ဆန် တင်ပို့မှုဟာ ယမန်နှစ်ကာလတူထက် ၂၂ ရာခိုင်နှုန်းပိုမိုခဲ့တယ် လို့သိရပါတယ်။                             CMK