ပြည်တွင်း စပါးဝယ်ယူမှု နှုန်းထားတိုးမြှင့်ပေးရန် အိန္ဒိယအစိုးရစီစဉ်နေ
လက်ရှိအိန္ဒိယဆန်ဖြူရဲ့ FOB ဈေးနှုန်းက ဗီယက်နမ်၊ ပါကစ္စတန်နဲ့ မြန်မာနိုင်ငံတို့မှ FOB နှုန်းထားများ ထက် မြင့်မားနေရာ ယခုနှစ်အိန္ဒိယဆန်တင်ပို့မှုက ခန့်မှန်းထား တာထက် လျော့နည်းလိမ့်မယ်လို့ နိုင်ငံတကာ ဆန်သုတေ သန သိပ္ပံ (LRRI) က ခန့်မှန်းထားတယ်။
ဆက်လက်ပြီးလည်း အိန္ဒိယဆန်ဖြူရဲ့ FOB နှုန်း ထားများ မြင့်မားဦးမယ်လို့ မျှော်လင့်ထားတယ်။ စပါး အတွက် အနိမ့်ဆုံး အထောက်အပံ့နှုန်းထား (MSP) ကို ၂၀၁၃ -၂၀၁၄ ဈေးကွက်နှစ် (အောက်တိုဘာမှ စက်တင် ဘာလအထိ)အတွင်း တိုးမြှင့်ပေးဖို့ တောင်းဆိုထားတယ် လို့ သိရတယ်။ တကယ်လို့ အစိုးရကလက်ခံရင် သာမန်အဆင့် ဆန်ဖြူစပါးအတွက် ဝယ်ယူမှုနှုန်းထားက အောက်တိုဘာ လမှစပြီး တစ်ကွမ်တယ်ကို ၁၃၁၀ ရူပီး (တစ်တန်ကို ၂၄၀ ဒေါ်လာဝန်းကျင်) ဖြစ်လာနိုင်ကြောင်း ၊ Grade A တန်း ဝင် ဆန်ဖြူစပါးမှာ တစ်ကွမ်တယ်ကို ၁၃၄၀ ရူပီး (တစ် တန်ကို၂၄၆ ဒေါ်လာဝန်းကျင်)နဲ့ဝယ်ယူနိုင်မှာဖြစ်ကြောင်း ခန့်မှန်းထားတယ်။ ယခင်နှစ်ကလည်း အိန္ဒိယအစိုးရက MSP နှုန်းထားကို ၁၆ ရာခိုင်နှုန်းတိုးမြှင့်ပေးခဲ့ပြီး ဖြစ် တယ်။ ပပ
