Main menu

Background

အိန္ဒိယမွန်ဘိုင်းဈေးကွက်တွင် ယခုရက်ပိုင်း မြန်မာမတ်ပဲ၊ ပဲစင်းငုံဈေး အပြောင်းအလဲမရှိ၊ တတိယအကြိမ် ခန့်မှန်းချက်အရ မတ်ပဲတန်ချိန် ၁ ဒသမ ၈၇ သန်း၊ ပဲစင်းငုံ တန်ချိန် ၃ ဒသမ ၀၄ သန်း၊ ပဲတီစိမ်း ၁ ဒသမ ၁၈ သန်း၊ ကုလားပဲ ၈ ဒသမ ၄၉ သန်း ထွက်မည်

Tue, 05/28/2013 - 10:26 -- ydnar

အိန္ဒိယ မွန်ဘိုင်းဈေးကွက်မှာ ယခုရက်ပိုင်း အတွင်း မြန်မာမတ်ပဲ၊ ပဲစင်းငုံဈေးများ အပြောင်းအလဲမရှိ တည်ငြိမ် နေပါတယ်။ဒေလီနဲ့ဘီကနာဈေးကွက်တွေမှာလည်း ကုလားပဲ ကို ဝယ်အားနည်းပြီး ဈေးငြိမ်နေပါတယ်။ ကန်ပါဈေးကွက်မှာ ဝယ်အားနည်းလို့ ပဲနီလေးနဲ့ မတ်ပဲဈေးကျဆင်းနေပါတယ်။ ဒေစီစားတော်ပဲနဲ့ ပဲစင်းငုံကတော့ ဝယ်အားကောင်းလို့ ဈေး တက်နေပါတယ်။ ဂျိုက်ပါဈေးကွက်မှာ မတ်ပဲဈေးတက်ပြီး ကုလားပဲ၊ပဲတီစိမ်းဈေး ကျနေပါတယ်။ ကိုယ်ကတ္တားဈေး ကွက် မှာ မြန်မာမတ်ပဲ FAQ ၊ ကနေဒါပဲနီလေး၊ ပဲဝါလေးကို ဝယ် အားကောင်းလို့ ဈေးခိုင်နေပါတယ်။

မွန်ဘိုင်းဆိပ်ကမ်းမှာ တန်ဇန်နီးယားပဲစင်းငုံ ကွန်တိန်နာ အလုံး ၂၀၊ ပဲစင်းငုံ ၂၆ လုံး၊ ခွဲခြမ်း ၂ လုံး၊ ပဲတီစိမ်း ၁၄ လုံး၊ မြန်မာပဲတီစိမ်း ၁၅ လုံး၊ ပဲစင်းငုံ ၈၁ လုံး၊ မတ်ပဲ ၄၅ လုံး၊ မြေထောက်ပဲ ၁၀ လုံး၊ ပဲယင်း ၄ လုံး၊ နိုင်လွန်ပဲ ၁ လုံး၊ ကနေဒါပဲနီလေး ၇၃ လုံး၊ သြစတြေးလျ ပဲနီလေး ၅ လုံး၊ တရုတ် မြေထောက်ပဲ ၃၁ လုံး၊ အီသီယိုပီးယား မြေထောက်ပဲ ၁၃ လုံး၊ အမေရိကန် ပဲလုံးစိမ်း ၄ လုံး၊ ပဲဝါလေး ၂ လုံး၊ ကနေဒါပဲဝါလေး ၃ လုံး ဝင်ရောက်ခဲ့ပါတယ်။ ပဲဝါလေး ၄၂၃၆၀ တန်၊ ပဲနီလေး ၁၀၆၀၀ တန် တင်ဆောင် လာတဲ့  APJ  SHIRIN   သင်္ဘော မွန်ဘိုင်းဆိပ်ကမ်းကို ဝင် ရောက်ခဲ့ပါတယ်။ ချန်နိုင်းဆိပ်ကမ်းမှာ မြန်မာမတ်ပဲ ကွန်တိန်နာ ၁၅၂ လုံး၊ ပဲတီစိမ်း ၃၁ လုံး၊ ပဲစင်းငုံ အလုံး ၂၀၊ ပဲနီလေး ၅၆ လုံး၊ ပဲဝါလေး ၂၂ လုံး၊ မြေထောက်ပဲ ၃ လုံး၊ ပဲလုံးစိမ်း ၃ လုံးတို့ ဝင်ရောက်ခဲ့ပါတယ်။ အိန္ဒိယမှာ မိုးရာသီစိုက်ပျိုးဖို့ ပဲအများစုအတွက် အရည် အသွေးမီ လက်မှတ်ရ ပဲမျိုးစေ့ အများစု လုံလုံလောက် လောက်ရှိနေပါတယ်။ မတ်ပဲ၊ ပဲတီစိမ်းမျိုးတွေဆို ပိုနေပြီး ပဲစင်းငုံတစ်ခုသာ အနည်းငယ်မျိုးလိုပါတယ်။ တတိယအကြိမ် ခန့်မှန်းချက်အရ မတ်ပဲ တန်ချိန် ၁ ဒသမ ၈၇ သန်း၊ ပဲစင်းငုံ တန်ချိန် ၃ ဒသမ ၀၄ သန်း၊ ပဲတီစိမ်း ၁ ဒသမ ၁၈ သန်း၊ ကုလားပဲ ၈ ဒသမ ၄၉ သန်းထွက်မယ်လို့ သိရပါတယ်။နှင်းဧကရီDOTP