Main menu

Background

မေလတတိယပတ်အတွင်း ပြည်ပဲဈေးကွက်မှာ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲကြီးဈေးများ ဈေးလှုပ်လာပေမယ့် အခြားပဲများကတော့ ဈေးငြိမ်နေခဲ့

Tue, 05/28/2013 - 10:30 -- ydnar

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်မှာ ယခုတစ်ပတ် အတွင်း မတ်ပဲ၊ ပဲစင်းငုံ၊ ပဲကြီးဈေးများဈေး အနည်းငယ် ပြန် မြင့်လာခဲ့တာတွေ့ရပါတယ်။ ကုလားပဲ၊ ပဲပုပ်နဲ့ ထောပတ်ပဲ ဈေးများ ကတော့ ဈေးငြိမ်အရောင်း အဝယ် ဖြစ်နေပါတယ်။ မတ်ပဲသီးနှံမှာ ပြည်ဈေးကွက်ကို ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များ မှ နေ့စဉ်ဝင်ရောက် ခဲ့ကာ ပဲလက် ကျန်များလည်း ရှိခဲ့တဲ့အတွက် တစ်ရက်အိတ် ၂၀၀ ကျော်မှ ၃၀၀ အထိ ရန်ကုန်ဝယ်လက်များနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။ ပဲဈေးမှာ ယခင်အပတ်ကထက် တစ်တင်း ၅၀၀ ကျပ် ခန့် ဈေးပိုလာခဲ့တဲ့အတွက် တစ်တင်း ၁၈၀၀၀ ကျပ်ဈေးရှိခဲ့ပါ တယ်။ မတ်ပဲဈေးနှုန်းမှာ ယခင်နှစ်က မေလလယ် မှာ တစ် တင်း၂၀၀၀၀ ကျပ်ဈေးရှိခဲ့တဲ့အတွက် ယခုနှစ်မှာလည်း ပဲဈေး အနေနဲ့ ယခုတစ်ပတ်မှာ ဈေးပြန်လှုပ်လာတဲ့ အတွက် ပဲလက် ဝယ်ရှိသူတောင်သူများမှ တစ်တင်း ၂၀၀၀၀ ကျပ်ဈေးမျှော် လင့်လျက်ရှိတာကို တွေ့ရပါတယ်။

ပဲစင်းငုံသီးနံှကတော့ ယခင်နှစ်က ဈေးနဲ့ယှဉ်ရင်ဈေး ကောင်းရနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ယခင်နှစ် မေလ အတွင်း ပဲစင်းငုံတစ်တင်းကို ၁၆၀၀၀ ကျပ်သာရရှိပြီး၊ ယခုနှစ် မေလမှာတစ်တင်း ၂၁၃၀၀ ကျပ်ထိ ရနေခဲ့ပါ တယ်။ ဈေး ကွက်အတွင်း ပဲလက်ကျန်များရှိခဲ့ပေမယ့် ရန်ကုန် ဝယ်လက် အဝယ်ရှိမှသာ အိတ် ၄၀၀ မှ ၅၀၀ အထိ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ကုလားပဲသီးနှံမှာ ပန်းတောင်း၊ ကံမဘက်မှသာ အဝင် ရှိပြီး၊ အိတ် ၂၀၀ ကျော်သာဝင်ရောက်ခဲ့ပါတယ်။ အခြားတိုင်း များမှ အဝယ်မရှိဘဲ ဒေသတွင်းခွဲစက်သမားသာ ပုံမှန်အဝယ် ရှိတာကို တွေ့ရပါတယ်။ ပဲဈေးမှာ ယခင်အပတ်ကဈေး အတိုင်းတစ်တင်း၁၉၄၀၀ ကျပ်-၁၉၅၀၀ကျပ်နဲ့သာ အရောင်း အဝယ်ဖြစ်နေခဲ့ပါတယ်။ ပဲကြီးသီးနှံဝင်ရောက်မှုမှာ ရွှေကျွန်းပဲကြီး အနေနဲ့ အဝင် မရှိတော့ဘဲ လက်ကျန်ပဲများနဲ့သာ အရောင်းအဝယ် ဖြစ်ခဲ့ပေ မယ့် ကမ်းနားပဲကြီးကတော့ ရွှေတောင်၊ ကျီးသဲ၊ ပန်းတောင်း၊ ကံမမြို့နယ်များမှ တစ်ရက်အိတ် ၅၀၀ ကျော်အထိ ဝင်ရောက် လျက် ရှိခဲ့ပါတယ်။ ပဲကြီးဈေးနှုန်းမှာ ယခင်တစ်ပတ် ကဈေး ပြန်လျော့ သွားပေမယ့် ယခုတစ်ပတ်မှာတော့ တစ်တင်း ၁၀၀၀ ကျပ်ခန့် ဈေးမြင့်လာတဲ့ အတွက် ရွှေကျွန်းတစ်တင်း ၃၅၀၀၀ ကျပ်၊ ကမ်းနား တစ်တင်း ၃၂၀၀၀ ကျပ်အထိ ဈေး အရောင်းအဝယ်ဖြစ်ခဲ့ကာ ပဲကြော်ဖို သမားသာ ဝယ်ယူမှုရှိခဲ့ တယ်လို့ သိရပါတယ်။ ပဲပုပ်ဈေးမှာ တစ်တင်း ၂၂၀၀၀ ကျပ်နဲ့သာ ဈေးငြိမ်နေ ခဲ့ပြီး၊ ပဲလက်ကျန်လည်း နည်းသွားခဲ့ပြီဖြစ်တာ ကို တွေ့ရပါ တယ်။ ယခင်နှစ်က ပဲပုပ်တစ်တင်းဈေးမှာ ၁၆၀၀၀ ကျပ်နဲ့သာ ဈေးအတက်အကျသိပ်မဖြစ်ခဲ့ပေမယ့် ယခုနှစ် ပဲပုပ်ဈေးက တော့ ၂ သောင်းအထက်မှာ ရလျက်ရှိခဲ့တာကြောင့် ပဲစိုက် တောင်သူရော လှောင်လက် အချို့ပါ အကျိုးအမြတ်အသင့် အတင့် ရှိခဲ့တယ်လို့ သိရပါတယ်။ခင်ဆွေဝင်း - ပြည်