Main menu

Background

မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ပရဆေးကုန်ကြမ်း တန် ၃၀၀၀ ခန့် တင်ပို့

Tue, 05/28/2013 - 10:38 -- ydnar

မေလ ၁၅ ရက်မှ ၂၁ ရက်တာကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်း ရောင်းဝယ်ရေးနယ်ဇုန်မှ ကန်ဒေါ်လာ ၁  ဒသမ ၈၂၄ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၂၉၂၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက်  ၂၉၅ တန်ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ယခင်အပတ်က ထက် မိကျောင်းကွမ်းဖတ်စေ့၊ ဆီးသီးခြောက်၊ ဝဥခြောက်၊ ကွမ်းသီးခွံ၊ ဒရင် ကောက်မြစ်၊ ကြောင်လျာစေ့ နဲ့တောင်လုံး ကျော်တို့ပိုမိုတင်ပို့နိုင်ခဲ့ပြီး၊ ကြက်ဆူစေ့၊ မန်ကျည်းမှည့် (အစေ့ပါ)၊ ဆီးဆံ၊ ကွမ်းစားဂမုန်း၊ နေလဲစေ့၊ စကားပန်းပွင့် ခြောက်၊ မာလာဥနဲ့ တောချင်းတို့မှာ ယခင်အပတ်ကထက် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခင်အပတ်ကတင်ပို့မှု မရှိတဲ့ ရှားစေးကိုယခုအပတ်မှာ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ယခုအပတ်မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကူးသန်းရောင်းဝယ်ရေး စခန်းမှ ပရဆေးကုန်ကြမ်းတင်သွင်းမှုမရှိဘူးလို့သိရှိရပါတယ်။ ခင်ကလျာဦး MIRT (DCCA)