Main menu

Background

အာရပ်နဲ့ မလေးကို နနွင်း ၇၂ တန် တင်ပို့

Tue, 05/28/2013 - 10:39 -- ydnar

ပြည်ပနိုင်ငံများဖြစ်တဲ့ အာရပ်စော်ဘွားများ ပြည်ထောင် စု နိုင်ငံနဲ့ မလေးရှားနိုင်ငံကို ပင်လယ်ရေကြောင်းလမ်းမှ နနွင်း ၇၂ တန်ကို မေလ ၁၂ ရက်မှ ၁၈ ရက်အတွင်းမှာ တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ စုစုပေါင်းတင်ပို့ခဲ့တဲ့ ၇၂ တန်မှာ အာရပ်စော်ဘွားများပြည်ထောင်စုကို ၅၆ တန်နဲ့ မလေးရှား နိုင်ငံကို ၁၆ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ်မှာ နနွင်းတန် တစ်ရာ့ငါးဆယ်တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်း ၇၈ တန်အပို့လျော့ခဲ့ပါတယ်။ FOB ဈေးတစ်တန်ကို ကန် ဒေါ်လာ ခြောက်ရာ့ခုနှစ်ဆယ်နီးပါးရရှိခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ် များမှာ FOB  ဈေး တစ်တန်ကို ကန်ဒေါ်လာ ငါးရာ့သုံးဆယ်နီးပါးရရှိခဲ့တာကြောင့် ဒီတစ်ပတ် မှာ နနွင်းဈေးကောင်းရခဲ့တယ်လို့ ဆိုရပါမယ်။ ဒီတစ်ပတ် ရရှိခဲ့တဲ့ ဝင်ငွေ ကကန်ဒေါ်လာ ငါးသောင်းကျော်ရရှိခဲ့တယ် လိ့ု သိရပါတယ်။                                            MIRT (DOT)