Main menu

Background

အောင်ပန်းနနွင်းဈေးကွက် ပြည်တွင်းသုံးဝယ်လက်သွက်

Tue, 05/28/2013 - 10:46 -- ydnar

ရှမ်းနနွင်းလည်း အရောင်းအဝယ်ဖြစ်တဲ့နှစ်ပါပဲ၊ ယခင် နှစ်တွေကချင်းဈေးမကောင်းပေမဲ့တအိအိနဲ့ အရောင်းအဝယ် ဖြစ်နေပေမဲ့ နနွင်းကတော့အတော့်ကို အရောင်းပါးခဲ့ပါတယ်။ ဒီနှစ်မှာတော့ အရောင်းအဝယ်က နည်းနည်းသွက်လာပါ တယ်။ တရုတ်ဝယ်လက်တွေအဆွဲရှိလာတာကြောင့် မနှစ်က ထက် ဈေးကောင်းနေပါ တယ်။ တောင်သူ တွေကလည်း ဈေး ကောင်းတာကြောင့် ဖော်ပြီးရောင်းနေလို့ အဝင်ကလည်းများ နေပါတယ်။ အခုလောလောဆယ် တော့ တရုတ်ဝယ်လက် တွေက အဝယ်ခေတ္တရပ်သွားပေမဲ့ လှောင်လက်တွေနဲ့ ပြည် တွင်းသုံးအတွက် ဝယ်ယူမှုရှိနေတာကြောင့် ပုံမှန်တော့ အရောင်းအဝယ်ဖြစ်နေတယ်လို့ အောင်ပန်းပွဲရုံတွေကသိရပါ တယ်။ ဒီတစ်ပတ်နနွင်း ပေါက်ဈေးက ပင်လောင်းနနွင်း ၄၀၀ ကျပ်၊ အင်းလေးစ ၆၀၀ ကျပ်၊ အောင်ပန်းနနွင်း ၇၀၀ ကျပ်နဲ့ ဆင်တောင်နနွင်း ၁၂၀၀ ကျပ်ဈေးရှိပါတယ်။ ပြည်တွင်းသုံးဝယ်လက်တွေ ဝယ်ယူမှုရှိနေတာကြောင့် တစ်ပတ်အတွင်း နနွင်းပိဿာချိန် ၃၈၆၀၀  အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။ ဧဧခိုင်-တောင်ကြီး