Main menu

Background

ရွှေဖြစ်မလား၊ ငွေဖြစ်မလား၊ မြစ်သားကြက်သွန်

Tue, 05/28/2013 - 10:47 -- ydnar

ကြက်သွန်နီကို မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်း ကျောက်ဆည်၊ မြစ်သား၊ မြင်းခြံနယ် တို့ မှာ အများဆုံးစိုက်ပျိုးထွက်ရှိပါတယ်။ ဈေးကွက်မှာနာမည် ရပြီးဖြစ်နေတဲ့ ကြက်သွန်နီကတော့ မြစ်သားကြက်သွန် ရွှေ ဖလားမျိုးဖြစ်ပါတယ်။ နာမည်ရပြီး အရောင်းအဝယ်သွက်တာ ကြောင့် မြစ်သားနယ်နဲ့ကျောက်ဆည် နယ်မှ တောင်သူများ ဟာ မြစ်သားကြက်သွန်ကို အဓိကထားစိုက်ပျိုးကြပါတယ်။

ယခင်နှစ်က မြစ်သားကြက်သွန် တစ်ဧက စိုက်ပျိုးရင် ကုန်ချိန် ၂၅၀၀ မှ ၃၀၀၀ ပိဿာထွက်ခဲ့ပါတယ်။ ယခုနှစ်မှာ တစ်ဧကအထွက်နှုန်း ထူးထူးခြားခြား အထွက်နှုန်း ပို မလာခဲ့ပေမဲ့ ဈေးအမြင့်မျှော်မှန်းပြီး စိုက်ဧကပိုမို စိုက်ပျိုးလို့ ကုန်ချိန်ပိုမိုထွက်ခဲ့တယ်လို့ သိရပါတယ်။ ဈေးနှုန်းကလည်း တောင်သူတွေ မျှော်မှန်းထားတဲ့အတိုင်း ယခင်နှစ်က ကြက် သွန် တစ်ပိဿာ ၂၀၀ ကျပ်၊ ၂၅၀ ကျပ်နဲ့ဖွင့်ခဲ့ပြီး၊ မေလထဲမှာ တော့ ၃၀၀ ကျပ် အထိ ရှိလာခဲ့ပါတယ်။ ယခုနှစ်မှာတော့ ၂၇၀ကျပ်၊ ၂၈၀ ကျပ်နဲ့စဖွင့်ခဲ့ပြီး၊ အခုမေလမှာတော့ ၄၅၀ ကျပ်အထိ ရှိလာခဲ့တဲ့အတွက် ယခင်နှစ်ကာလနဲ့နှိုင်းယှဉ်ပါက ဈေးနှုန်းပိုလာတာတွေ့ရပါတယ်။ သြင်္ကန်ပြီး ကာလမှာတော့ ပွဲစား၊ လှောင်လက်နဲ့ တောင်သူအကြား အရောင်းအဝယ်သွက်နေပြီး ကြက်သွန်နီ လှောင်လက်အဆွဲများတယ်လို့သိရပါတယ်။ လက်ရှိကြက် သွန်နီပေါက်ဈေးကတော့ အကြီးစတစ်ပိဿာ ၄၅၀ ကျပ်၊ အလတ်စတစ်ပိဿာ ၄၀၀ ကျပ်၊ အသေးစတစ်ပိဿာ ၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ လှောင်လက်သမားများအတွက် ဈေးကိုက်မကိုက်ကိုတော့ လာမယ့် ဈေးကွက်အနေအထား ကို စောင့်ကြည့်ရမှာဖြစ်ပါ တယ်။                         အာကာကျော်-မန္တလေး