Main menu

Background

ဓာတ်ဆီ၊ဒီဇယ်ဆီဈေးနှုန်းများ (27-5-13)

Tue, 05/28/2013 - 10:49 -- ydnar

ပင်လယ်ရေကြောင်းလမ်းမှ ဓာတ်ဆီ/ဒီဇယ်  တန်ချိန် ငါးသောင်းတစ်ထောင်ကျော်ဝင် မေလ ၁၂ ရက် မှ   မေလ ၁၈ ရက် အတွင်း ဓာတ်ဆီ တန်ချိန် တစ်သောင်း ခြောက်ရာလေးဆယ့်သုံးတန်၊ ဒီဇယ်တန်ချိန် စုစုပေါင်း တန်ချိန်လေးသောင်း ရှစ်ရာ ခြောက်ဆယ့်သုံးတန်ကို တင်သွင်းခွင့်လိုင်စင်လျှောက်ထား ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဓာတ်ဆီအဝင်မှာ တန်ချိန် တစ်သောင်းလေးထောင်ကျော် ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီ တန်ချိန် သုံးထောင့်ကိုးရာကျော်အဝင်လျော့ ခဲ့သလို ဒီဇယ်ဆီက ယခင်တစ်ပတ်အဝင်နဲ့ ယှဉ်ရင် တန်ချိန် ခြောက်ထောင်လေးရာကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်း ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ မေလ ၁၂ ရက်နေ့မှ မေလ ၁၈ရက်နေ့အတွင်း ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးများက တောင်ကြီး၊ မော် လမြိုင်၊ မန္တလေးမှာ ဈေးငြိမ်နေသော်လည်း ရန်ကုန်မှာ အောက် တိန်းနဲ့ အဆင့်မြင့် ဒီဇယ်ဈေး အနည်းငယ်မြင့်လာကြောင်း သိရပါတယ်။ ပြင်ပမှာ ရောင်းချနေတဲ့ ဒီဇယ်၊ ဓာတ်ဆီဈေးများမှာ မော်လမြိုင်၊ တောင်ကြီး၊ ရန်ကုန်၊ မန္တလေးမြို့များတွင် ဈေးငြိမ်နေကြောင်း သိရတယ်။ ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ်အရောင်းအဝယ် အခြေအနေများမှာ- ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးမှာ ယခင်တစ်ပတ်ဈေးအတိုင်း ရောင်းချနေသော်လည်း အဆင့် မြင့်ဒီဇယ်နဲ့ဓာတ်ဆီဈေးမှာ တစ်လီတာ တစ်ဆယ်ကျပ်ဈေးမြင့်လာကြောင်း  သိရပါ တယ်။ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ် လီတာ၈၁၄ ကျပ်၊ဒီဇယ်၈၆၀ ကျပ်၊ အောက်တိန်း ၈၇၀ ကျပ်နဲ့ အဆင့်မြင့် ဒီဇယ် ၈၉၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီရောင်းချနေတဲ့ ဆိုင်များ မှာ ဒီဇယ်ဝယ်ဈေးမြင့်လာသလို ရောင်းဈေးမှာလည်း ဈေးမြင့်ကြောင်း သိရပါတယ်။ မေ၂၀ ရက်မှာ တစ်ပီပါ ၁၇၃၀၀၀ ကျပ်ရှိရာမှ မေလ ၂၃ ရက်နေ့မှာ ၁၇၈၀၀၀ ကျပ် ထိ ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေးက မေ ၂၀ ရက်မှ ၂၃ ရက်နေ့ ထိဈေးငြိမ်နေကြောင်း သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ၄၂၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၄၅၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၃၀၀ ကျပ် ဝယ်ပြီး ၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန် အရောင်းအဝယ်ရှိနေတယ်။ မန္တလေးဘက်မှာပုဂ္ဂလိကစက်သုံး ဆီဆိုင်ရဲ့ဈေးက မပြောင်းလဲသလို ပြင်ပလက်လီ ဆိုင်များရဲ့ ဒီဇယ်၊ ဓာတ်ဆီဈေးမှာလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ယခင်တစ် ပတ်ဈေးဖြစ်တဲ့  ဓာတ်ဆီ တစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၉၀၀ ကျပ်နဲ့ရောင်းချနေပါတယ် ။ပြင်ပလက်လီဆိုင် များမှာတော့ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဓာတ်ဆီတစ်ဂါလန်ဝယ်ဈေး ၃၈၀၀ ကျပ် ရောင်းဈေး ၄၀၀၀ ကျပ် ဖြစ်ပြီး ဒီဇယ်က ဝယ်ဈေး ၃၃၀၀ ကျပ် ၊ ရောင်းဈေး ၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ်ဝယ်ရောင်းသမား တစ်ဦးမှ ပြောပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ် ဖြစ်တယ် လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးမ ပြောင်းလဲသလို ပြင်ပလက်လီဆိုင်များရဲ့ ဈေးကလည်း မပြောင်းလဲဘူးလို့ သိရပါ တယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ  ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ်၊ အောက်တိန်း ၄၀၀၀ ကျပ်နဲ့ ရောင်းချပါတယ်။ ပြင်ပ လက်လီ ဆိုင်များမှာအရောင်း အဝယ်ဖြစ်နေတဲ့ဈေးများမှာဓာတ်ဆီတစ်ဂါလန် ၄၂၀၀ ကျပ်၊ ဒီဇယ် ၄၁၀၀ ကျပ် ၊ အောက်တိန်း ၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိ ရပါတယ်။ တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ် ဈေးငြိမ် နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးက ဓာတ်ဆီ ၄၀၀၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်မှာ ဓာတ်ဆီ ဈေး၊ ဒီဇယ်ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ပြင်ပလက်လီ ဆိုင်များမှာ ဓာတ်ဆီ တစ်ဂါလံ ၄၁၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။                                                                                                        MIRT(DOT)