Main menu

Background

ရွှေဈေးပြန်လည်မြင့်တက်လာနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်

Tue, 05/28/2013 - 10:55 -- ydnar

ကျပ် ခုနစ်သိန်းအောက်သို့ ကျ ဆင်းလျက်ရှိသည့်မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်အတွင်းတွင် ပြန် လည် မြင့်တက်လာခဲ့သည်။ ထို့အတူ ကမ္ဘာ့ ရွှေဈေးသည်လည်း ပြန်လည်မြင့်တက် ခဲ့ရာ ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်း က ကမ္ဘာ့ရွှေဈေးသည် ၁၃၆၀ဒေါ်လာ ဖြင့် ဈေးပိတ်ခဲ့သော်လည်း မေလ ၂၀ ရက်နေ့ဈေးပြန်ဖွင့်ချိန်တွင် ၁၃၉၈ ဒေါ် လာဖြင့် ဈေးဖွင့်ခဲ့သည်။

"မြန်မာ့ရွှေဈေးတက်တယ်ဆိုတာ ကမ္ဘာ့ရွှေဈေးတက်လို့ပေါ့။ ခုဆိုရင် မိုး တွင်းကာလကို ရောက်တော့မယ်။ မိုး တွင်းဆိုရင် ရွှေဈေးက တက်နေကျပဲ။  ပုံမှန်ဆိုရင်တော့ ဇူလိုင်၊ သြဂုတ်ဆိုရင် ရွှေဈေးက တက်နေကျပဲ။ ဟိုအရင်ရက် တွေတုန်းက ကမ္ဘာ့ရွှေဈေးကကျနေပေ မယ့် ဒီမှာရှိတဲ့ငွေလဲနှုန်းက တက်နေ တော့ ရွှေဈေးက ထင်သလောက်မကျ ဘူးဖြစ်နေတာပေါ့။ ဒါပေမယ့် မိုးတွင်း ကာလဆိုရင် ရွှေတူးသမားတွေနားရ တော့မယ်။ ဒီတော့ ရွှေဈေးတက်တတ် တာက သဘာဝပဲ"ဟု ရွှေကုန်သည် ဦးကြည်မြင့်က ဆိုသည်။မြန်မာ့ရွှေဈေးသည် မေလ ၁၈ ရက်နေ့က ကျပ် ၆၉၈၀၀၀ဖြင့် ဈေး ပိတ်ခဲ့သော်လည်း မေလ ၂၀ရက်နေ့ ဈေးပြန်ဖွင့်ချိန်တွင် ကျပ် ၇၀၆၅၀၀သို့ ပြန်လည်မြင့်တက်လာခဲ့သည်။ မေလ ၂၃ရက်နေ့တွင် ကျပ် ၇၁၀၀၀၀ သို့ မြင့်တက်လာခဲ့သည်ကိုတွေ့ရသည်။ထို့အတူ ကမ္ဘာ့ရွှေဈေးမှာလည်း မေလ ၁၈ရက်နေ့က ၁၃၆၀ဒေါ်လာ ရှိခဲ့ရာမှ မေလ ၂၀ရက်နေ့တွင် ၁၃၄၅ ဒေါ်လာဖြင့် ဈေးအနိမ့်ဖြင့် ဖွင့်ခဲ့ပြီး နောက် မေလ ၂၁ရက်နေ့တွင် ၁၃၉၈ ဒေါ်လာသို့မြင့်တက်ခဲ့သည်။ ထို့နောက် မေလ ၂၃ရက်နေ့တွင် ၁၃၇၃ ဒေါ်လာ သို့ ကျဆင်းခဲ့သော်လည်း မြန်မာနိုင်ငံ ၏ငွေလဲနှုန်းမြင့်တက်ခဲ့မှုကြောင့် မြန်မာ့ ရွှေဈေးမှာ ကျဆင်းခြင်းမရှိခဲ့ကြောင်း သိရသည်။                မယ်သီတာ