Main menu

Background

ဘိလပ်မြေဈေးနှုန်းများ(27-5-13)

Tue, 05/28/2013 - 10:58 -- ydnar

အိန္ဒိယနဲ့ထိုင်းမှဘိလပ်မြေတန်ချိန်တစ်သောင်းကိုးထောင်ကျော်ဝင် ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မေလ ၅ ရက်မှ ၁၁ ရက်နေ့တာကာလအတွင်း ကန်ဒေါ်လာ တစ်ဆယ့်ခြောက်သိန်းလေးသောင်းကိုး ထောင်ကျော်တန်ဖိုးရှိ ဘိလပ်မြေ ၁၉၄၀၀ ဒသမ ၁၆၅ တန်ကို တင်သွင်းလာခဲ့ပါ တယ်။ ဒီတစ်ပတ်မှာ အိန္ဒိယနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၅၀၀၀ နဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၁၄၄၀၀ ဒသမ ၁၆၅ တန်ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ယခင်သီ တင်းပတ်ဘိလပ်မြေအဝင်က တန်ချိန် နှစ်သောင်း သုံးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်ဘိလပ်မြေအဝင်နဲ့ ယှဉ်ရင် တန်ချိန် သုံးထောင့်ခုနှစ်ရာကျော်လျော့နည်း ပြီး တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)

မိုးနဲ့ အပြိုင် အရောင်းအဝယ်အေးလာတဲ့ ဘိလပ်မြေမေလ ၁၂ ရက်မှ မေလ ၁၈ ရက်သီတင်းပတ်တွင် ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ တန်ချိန် တစ်သောင်း လေးထောင်ကျော်ဝင်လာခဲ့တယ်လို့ သိရပါတယ်။ဒီတစ်ပတ်မှာတော့ရေကြောင်းလမ်းမှ ဘိလပ်မြေတန်ချိန် ငါးထောင်ကျော်အဝင် လျော့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း တောင်ကြီး၊ မန္တလေးမှာ အရောင်းပုံမှန်ရှိပေမဲ့ မော်လမြိုင်မှာတော့ အရောင်းအဝယ်လိုက်လာတယ် လို့သိရပါတယ်။ဒီတစ်ပတ် ဘိလပ်မြေဈေးကွက်အခြေအနေများမှာ- တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ သိရပါတယ်။ မိုးရွာပေမဲ့လည်း အရောင်းအဝယ်က ရှိနေသေးတယ်။ဒီတစ်ပတ်မှာတော့ဆင်ဘိလပ်မြေက ပစ္စည်းပြတ်နေသလို မြို့တော် ဘိလပ်မြေ လည်း ပစ္စည်းပြတ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ ခြင်္သေ့ဘိလပ်မြေ ကတော့ခုနှစ်ရာ ကျပ် ဈေးမြင့်လာပြီး ကျားခေါင်းဘိလပ်မြေက နှစ်ရာကျပ်ဈေး ကျလာပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးတွေက စိန် (ယိုးဒယား) ၇၉၀၀ ကျပ်၊ ခြင်္သေ့ဘိလပ်မြေက ၅၈၀၀ ကျပ်၊  ကျားခေါင်း ဘိလပ် မြေက ၅၉၀၀ ကျပ်၊ နဂါးဘိလပ်မြေက ၆၅၀၀ကျပ် အရောင်းအဝယ်ဖြစ်တယ်လို့ အနောက်မြို့ပတ်လမ်းမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်း အဝယ်အေးတယ်လို့ သိရပါတယ်။ ဒီရက်ပိုင်းမိုးများလာတာကြောင့် လုပ်ငန်းတွေ လည်းနားနေရတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ အရောင်းငြိမ်နေသလို ဈေးလည်း ငြိမ်နေတယ်လို့သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ် တဲ့ ဈေး က ဆင်(ထိုင်း) ဘိလပ်မြေ ၅၂၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၂၀၀ ကျပ်၊ ကြံ့ (မြိုင်ကလေး) ဘိလပ်မြေ ၄၄၅၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ပဲခူးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်အေးတယ်လို့ သိရပါ တယ်။ အရောင်းအဝယ်အေးပေမဲ့ ဆင်(ထိုင်း)တစ်ရာကျပ်ဈေးမြင့်ပြီး ကြံ့(မြိုင် ကလေး)ဘိလပ်မြေက တစ်ရာဈေးကျလာပြီး စိန်ဘိလပ်မြေ က ဈေးငြိမ်ပြီး အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်တဲ့ဈေးမှာ ဆင်(ထိုင်း) ၆၆၀၀ ကျပ်၊ စိန်(ထိုင်း) ၆၄၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၅၅၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်း သိရ ပါတယ်။ မကွေးဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ ဆင်(ထိုင်း)က ပစ္စည်း ပြတ်နေပြီး မြင်းခေါင်း ဘိလပ်မြေက ကိုးရာကျပ် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ဒီတစ်ပတ်ဈေးကွက် ထဲအရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ မြင်းခေါင်းဘိလပ်မြေ ၆၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။                                               MIRT (DOT)