Main menu

Background

ပြည်တွင်းမှာ ဘိလပ်မြေ သုံးစွဲမှု တန် ၃ ဒသမ ၅ သန်း ရှိပြီး သုံးစွဲမှုများ

Tue, 05/28/2013 - 11:55 -- ydnar

ပြည်တွင်းမှာ ဘိလပ်မြေ သုံးစွဲမှု တန် ၃ ဒသမ ၅ သန်းသုံးစွဲမှုရှိကြောင်း သိရပါတယ်။ယခုနှစ်ပိုင်းမှာ အဆောက် အအုံများ ဆောက်လုပ်မှု များခြင်း ကြောင့် ဘိလပ်မြေသုံးစွဲမှုများလာခြင်း ဖြစ်ပြီး၊ ပြည်တွင်းဈေးကွက် လိုအပ် ချက်အရ ယိုးဒယားဘိလပ်မြေ တန် ၂ ဒသမ ၅ သန်း တင်သွင်းမှုရှိနေပါတယ်။ ဈေးကွက်တွင်းကို ပြည်တွင်းထုတ်  Crown တံဆိပ် ဘိလပ်မြေ စတင်ဖြန့်ချိ လျက်ရှိနေပြီ၊ Crown  တံဆိပ် ဘိလပ် မြေကို ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ လုံရုံး ကျေးရွာအုပ်စု၊ လောက်ဖန်းကျေးရွာ အနီးမှာ ထုတ်လုပ်လျက်ရှိပါတယ်။ တစ်ရက်ကို တန်ချိန် ၁၀၀၀ ထုတ်လုပ် လျက်ရှိပြီး၊ နောင်ချိုမြို့နယ်မှာ ဝယ်ယူ ပါက ၅၀ ကီလိုဂရမ် တစ်အိတ်ကို  ၄၅၀၀ ကျပ်နဲ့ ရောင်းချပြီး၊ မန္တလေး ဈေးကွက်မှာ ၅၀၀၀ ကျပ်နဲ့ ရောင်း ချလျက်ရှိပါတယ်။ မဒီနာ  ရောင်းဝယ်ရေးမှ ဦးမျိုးချစ်က"ဘိလပ်မြေဈေးကတော့ ပုံမှန်ပါပဲ။ ဒီနှစ်ထဲမှာ အဆောက်အအုံ ဆောက်လုပ်မှု များလာတော့ ရောင်း အား တော်တော်ကောင်းလာတယ်။ အထပ်မြင့်အဆောက် အအုံတွေက ယိုး ဒယားတံဆိပ်ကို အသုံးများတယ်။ ကမ္ဘာသုံးဆိုပြီး ယုံကြည်မှုနဲ့သုံးနေ တာ။ ပြည်တွင်းထုတ်တွေ လည်း ကောင်းပါ တယ်။ ပြည်တွင်းဖြစ်ကို ကြိုက်လို့ သုံးကြတာလည်းရှိတယ်။ ဘိလပ်မြေက ပြည်တွင်းမှာ လိုအပ်ချက်ရှိတော့ ယိုး ဒယားတံဆိပ်လည်း ဝင်ပါတယ်" လို့ ပြောပါတယ်။ မန္တလေးဈေးကွက်မှာ ရောင်းချ နေတဲ့ ဘိလပ်မြေ ဈေးနှုန်းများမှာ AAA တစ်အိပ် ၅၁၀၀ ကျပ်၊ ကျား ခေါင်း ၅၁၀၀ ကျပ်၊ မြန်မာဆင် ၅၀၀၀ ကျပ်၊ Crown ၅၁၀၀ ကျပ်ဈေးရှိပြီး၊ ယိုဒယားဆင် ၇၃၀၀၊ စိန် ၇၂၀၀၊ တောင် ၆၇၀၀၊ ကျောက်ဆူး ၆၇၀၀ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ဇူးဇူး - မန္တလေး