Main menu

Background

အိုကေ၊ ဒွန်းနို့ဆီနဲ့ နို့မှုန့်များဝင်

Tue, 05/28/2013 - 12:00 -- ydnar

သီတင်းတစ်ပတ်ဖြစ်တဲ့ မေလ ၁၂ ရက်မှ ၁၈ ရက်နေ့အတွင်း နို့ဆီ ၆၁၈ ဒသမ ၈၀ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ခုနှစ်သိန်းကိုးသောင်းကျော်ဖိုး ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ မှာယူ တင်သွင်းခဲ့ပါတယ်။ ဒီ တစ်ပတ်မှာ အိုကေနို့ဆီ ၄၉၆ ဒသမ ၈ တန်နဲ့ ဒွန်းနို့ဆီ ၁၂၂ တန်ဝင်လာခဲ့ပါ တယ်။ ယခင် သီတင်းပတ်နို့ဆီအဝင်က တန်ချိန် သုံးရာ့တစ်ဆယ်ကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ် မှာ တန်ချိန် နှစ်ရာ့ ကိုးဆယ်ကျော် အဝင်ပိုခဲ့ပါတယ်။

ဒီတစ်ပတ်မှာ နို့မှုန့်က စင်ကာပူ နိုင်ငံမှ၁၁ ဒသမ ၈၅၅ တန်နဲ့ မလေးရှား နိုင်ငံ မှ ၇ ဒသမ ၆၈၀ တန် မှာယူတင် သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ်မှာ နို့မှုန့်အဝင်က တန်ချိန် တစ်ရာ့တစ်ဆယ်ကျော် အဝင် ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်အဝင် လျော့ခဲ့ပါတယ်။MIRT (DOT)