Main menu

Background

ပြည်ဈေးကွက်မှာ လှောင်နှမ်းများကြောင့် အရောင်းအဝယ်ဖြစ်

Tue, 05/28/2013 - 12:08 -- ydnar

ပြည်ဈေးကွက်မှာ နွေနှမ်းများ စိုက်ချိန် ဖြစ်လို့ လှောင်နှမ်းအနည်းငယ် ကြောင့် အရောင်းအဝယ်ဖြစ်နေ တာ တွေ့ရပါတယ်။ မြို့တွင်း ဆီစက်သမား များကလည်း ဆီကြိတ်ရန်အဝယ်ရှိ ပေမဲ့ နှမ်းအနည်းငယ်သာ ရှိလို့ ရှိတဲ့ နှမ်းနီကို ဆီကြိတ်ရလို့ နှမ်းဈေးရော၊ ဆီဈေးပါမြင့်တက်လာတာတွေ့ရပါတယ်။ နှမ်းဈေးမှာ မေလ ပထမပတ်မှာ နှမ်းနီ ၄၅ ပိဿာတစ်အိတ် ၁၁၀၀၀၀ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာတစ်အိတ် ၁၅၀၀၀၀ ကျပ်၊ ဒုတိယပတ်မှာ နှမ်းနီ ၄၅ ပိဿာ တစ်အိတ် ၁၂၅၀၀၀ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာ တစ်အိတ် ၁၄၀၀၀၀ ကျပ်ရှိခဲ့ပြီး၊ မေလ တတိယ ပတ်မှာ နှမ်းနီ ၄၅ ပိဿာတစ်အိတ် ၁၄၅၀၀၀ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာ တစ်အိတ် ၁၅၀၀၀၀ ကျပ်ဈေးဖြင့် နှမ်းနီဈေးမှာ တစ်ပတ်ထက်တစ်ပတ်မြင့် တက်လာပြီး၊ နှမ်းနက်ဈေးမှာ ငြိမ်နေပါ တယ်။ နှမ်းဆီဈေးမှာ မေလ ပထမ ပတ်မှ ယခု အချိန်အထိ တစ်ပိဿာ ၄၄၀၀၊ ၄၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေတာ တွေ့ရပါတယ်။ ဝေေ၀မင်း-ပြည်