Main menu

Background

အောင်လံဈေးကွက်မှာ ပဲစင်းငုံနီနဲ့ သိပ္ပံနှမ်း တက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်

Tue, 05/28/2013 - 12:35 -- ydnar

အောင်လံဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၆၅ ကျပ်(တစ်တန် ကို ၆၅၂၁၉၅ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၄၀၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှသိရပါတယ်။ ဒါ့အပြင် ဒေသထွက် သိပ္ပံနှမ်းကိုတော့ အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက် ကဈေးပိုပေးပြီး အဝယ်ရှိနေသလို ရောင်းလက်များကလည်း အဆို ပါဈေးကို ကြိုက်နှစ်သက်လို့ အရောင်းများခဲ့တယ်လို့ မြို့ခံနှမ်းကုန် သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၃၁၁၂ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ကြား အရောင်း အဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။