မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို ရန်ကုန်ဝယ်လက် နဲ့ပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၆၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ဆိုပါတယ်။ ပဲစင်းငုံနီကိုတော့ အိန္ဒိယအဆွဲသွက်လာတဲ့အပေါ် မူတည်ပြီး အိတ်စပို့ဝယ်လက်တွေက ဝယ်လိုအားများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၇၅ ကျပ် (တစ်တန်ကို ၆၅၈၃၁၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၄၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ ဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ပြည်ပအတွက်ဝယ်ယူနေတဲ့ ရန် ကုန်ဝယ်လက် ဝယ်လိုအားအေးပေမယ့် ဒေသတွင်းပဲခွဲစက်များနဲ့ လက်ကြီးလှောင်လက်သမားတွေကြောင့် အရောင်းအဝယ်ပုံမှန်ရှိခဲ့ တယ်လို့ ဈေးကွက်အတွင်းမှသိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၉၈၇ ကျပ်(တစ်တန်ကို ၅၉၈၉၁၇ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်) တစ်ပိဿာ ၉၆၀ ကျပ်(တစ်တန်ကို ၅၈၇၈၉၄ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကိုအိတ် ၁၂၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ပွဲရုံရပ်ကွက်မှသိရပါတယ်။ ပဲတီစိမ်း ဈေးကွက်အနေနဲ့ ပဲတီစိမ်းကို တရုတ်ဝယ်လက်က အရည်အသွေး ပေါ် မူတည်ပြီး တွက် ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးအနည်း ငယ်ကျလာပြီး တစ်ပိဿာကို ၁၃၅၁ ကျပ် (တစ်တန်ကို ၈၂၇၃၃၈ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှု နည်း သွားတယ်လို့ သိရပါတယ်။ နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ ဒေသ တွင်း ဆီစက်တွေက ဝယ်လို အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည် တွေထံမှာ ပစ္စည်းလက်ကျန် နည်းသွားတာကြောင့် ရောင်းလက်များ အနေနဲ့ ဈေးကောင်းရမှ ထုတ်ရောင်းမှုတွေရှိလာကြောင်း ဈေးကွက် အတွင်းမှသိရပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းဖြူတစ်ပိဿာ ၃၀၆၇ ကျပ်၊ နှမ်းညိုတစ် ပိဿာ ၂၃၇၈ ကျပ်၊ နှမ်းကြားတစ်ပိဿာ ၂၂၆၇ ကျပ်၊ နှမ်းနက် တစ်ပိဿာ ၂၈၂၂ ကျပ်နဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၆၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးကဆိုပါ တယ်။
Background
