Main menu

Background

ကျပ် ၁၈၅ သိန်းကျော် တန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်လာပြီး မောင်းပြေးတဲ Light Truck ယာဉ်

Tue, 05/28/2013 - 12:42 -- ydnar

မြဝတီမှ ပဲခူးသို့မောင်းနှင်နေတဲ့ Light Truck ယာဉ် ၈ဆ/xxxx အား မေ ၁၆ ရက်နေ့ ၂၃၀၀ ချိန်မှာစားသုံး သူအကာအကွယ်ပေးရေးနဲ့တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး အဖွဲ့ လရ-၂ အခြေပြု နေရာသို့ရောက်ရှိ လာပြီး စစ်ဆေးမှုကိုခံယူခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ပါတယ်။အ သင့် စုဖွဲ့အင်အားနဲ့လရ-၂မှ လိုက်လံ တားဆီးခဲ့ရာ ရန်ကုန်-မြဝတီ ဝေါမြို့ အနီး  မိုင်တိုင် ၇၅/၆ နဲ့ ၇၅/၇ ကြား အဗျားဗိုလ်တဲ တိုက်ငါးလုံးကွေ့မှာ တား ဆီး နိုင်ခဲ့ပါတယ်။ တားဆီးတဲ့နေရာမှာ အကြမ်းဖျင်း စစ်ဆေး တွေ့ရှိချက်အရ တရားမဝင် အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်ထားတာကိုတွေ့ရှိတဲ့အတွက် အခြေပြုနေရာသို့  ပြန်လည်ထိန်းသိမ်း ခေါ်ဆောင်ပြီး အဖွဲ့စုံနဲ့ ဖွင့်ဖောက်စစ် ဆေးခဲ့ရပါတယ်။  စစ်ဆေးတွေ့ရှိခဲ့ရတဲ့ ပစ္စည်းတွေကတော့  ကျပ် ၆၈ သိန်း တန်ဖိုးရှိ အလှကုန်ပစ္စည်းများနဲ့ ကျပ် ၁၁၇ သိန်းတန်ဖိုးရှိ စက်ခေါင်း၊ ရေစုပ် စက်၊ ဆပ်ပြာမှုန့်တို့ဖြစ်ကြပြီး စုစုပေါင်း အကောက်ခွန်မဲ့ပစ္စည်းတန်ဖိုးမှာ ကျပ် ၁၈၅သိန်းရှိပါတယ်။ အကောက်ခွန် လုပ်ထုံးလုပ်နည်းနဲ့အညီအမှုတွဲဖွင့်လှစ် အရေးယူထားပြီးဖြစ်တယ်လို့ သိရပါ တယ်။Source: လရ-၂ MTN