Main menu

Background

တရုတ်နိုင်ငံတွင် လယ်ယာကဏ္ဍအတွက်လျှပ်စစ် ဓာတ်အားခ လျှော့ချပေးမည်

Tue, 05/28/2013 - 13:23 -- ydnar

လယ်ယာထွက်ကုန်ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍက လုပ်ငန်း အားလုံးအတွက်လျှပ်စစ်ဓါတ်အားခတွေ က ယခုဇွန် ၁ရက်မှစပြီးလျှော့ချပေးမယ် လို့ အမျိုးသားဖွံ့ဖြိုးရေးနဲ့ ပြန် လည်ပြု ပြင်ရေးကော်မရှင် ကကြေညာလိုက်ပါတယ်။

အထူးနှုန်းထားနဲ့ ပေးဆောင်ခွင့်ရ ပြီးဖြစ်တဲ့ ဝက်သားနဲ့ ဟင်းသီးဟင်းရွက် ထုတ်လုပ်သူတွေလည်း အခြားလယ်ယာ ထွက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းများနည်း တူ လျှပ်စစ်ဓါတ်အားခများပေးဆောင်ခွင့် ရရှိလိမ့်မယ် လို့ ကော်မရှင်ရဲ့ ထုတ်ပြန် ချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။        လယ်ယာထွက်ကုန် လက်ကား အ ရောင်း၊ မွေးမြူရေးထုတ်ကုန်ပစ္စည်းဈေး ကွက်နဲ့ အအေးခန်း လုပ်ငန်းများဟာ စက်မှုပစ္စည်းထုတ်လုပ် သူများပေးဆောင် ရသည့် နှုန်းထားအတိုင်း လျှပ်စစ်ဓါတ် အားခများ ကောက်ခံသွားမှာ ဖြစ်တယ် လို့ကော်မရှင် ရဲ့ထုတ်ပြန်ချက်မှာထည့်သွင်း ဖော်ပြထားပါတယ်။ လျှပ်စစ်ဓါတ်အားခများ လျှော့ချ ပေးခြင်းဟာ လယ်ယာထွက်ကုန်ထုတ် လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၈၀ ဒသ မ ၇၈သန်းနဲ့ညီမျှတဲ့ ယွမ်သန်း၅၀၀သက် သာစေမှာဖြစ်ပါတယ်။ ဥပမာအားဖြင့်  ဝက်ကောင်ရေ ၃၀၀၀၀ ရှိတဲ့မွေးမြူရေးခြံတစ်ခုဟာ နှစ် တိုင်းယွမ် ၁၀၀၀၀၀ သက်သာစေမယ် လို့ ဆိုပါတယ်။ အခုဆောင်ရွက်ချက်ဟာ ပို့ဆောင် ရေးမှာ တိုးတက်နေတဲ့ ကုန်ကျစရိတ် တွေလျှော့ချနိုင်ဖို့နဲ့ သီးနှံနဲ့ မွေးမြူရေး ထွက်ကုန်ဈေးနှုန်းများ ပိုမိုတည်ငြိမ်စေ လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ တရုတ်နိုင်ငံရဲ့ အစိုးရအဖွဲ့ဖြစ်တဲ့  နေပြည်တော်ကောင်စီက ဇန်နဝါရီလ စောစောပိုင်းမှာ ဒေသဆိုင်ရာ အာဏာ ပိုင်တွေကို ပို့ဆောင်ရေးကုန်ကျစရိတ် တွေ လျှော့ကျရေးကို ရည်ရွယ်တဲ့ လုပ် ငန်းအစီအစဉ်တွေကို အကောင်အထည် ဖော်ဆောင်ရွက်ဖို့ တိုက်တွန်းတောင်း ဆိုခဲ့တယ်လို့ သိရပါတယ်။