Main menu

Background

အာရှ၏ ရေနံနှင့်ဓာတ်ငွေ့ နည်းပညာဗဟိုချက်အဖြစ်ပါ့တ်မြို့ဖြစ်လာနိုင်

Tue, 05/28/2013 - 13:27 -- ydnar

သြစတြေးလျအနောက်ပိုင်း ပါ့တ်မြို့ဟာ စတော့တလန်နဲ့ နော်ဝေးက ရေနံနဲ့ ဓါတ်ငွေ့လုပ်ငန်း အဓိကမဏ္ဍိုင်အဖြစ်တည်ရှိတဲ့ မြို့တွေကို စံနမူနာထား ပြီးဆောင်ရွက်နေတဲ့အတွက် အာရှရဲ့ အကောင်းဆုံးရေနံနဲ့ ဓါတ်ငွေ့နည်းပညာ ဗဟိုချက်ဖြစ်လာနိုင်တဲ့ အခွင့်အရေးရှိနေတယ်လို့ အင်တာနက်သတင်းတစ်ရပ် မှာ ဖော်ပြခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံးရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ကုမ္ပဏီကြီးအချို့ဟာ ထူးချွန် တဲ့ ကျွမ်းကျင်ပညာရှင်တွေကို ပါ့တ်မြို့ကိုလာဖို့ ဆက်လက်ဆွဲဆောင်နေ ဆဲ ဖြစ်ပြီး ဒေသတွင်းစွမ်းအင်ကဏ္ဍကလစာငွေဟာ အခုဆိုရင် ကမ္ဘာပေါ်ကအမြင့် ဆုံး လစာတွေထဲမှာ ပါဝင်နေပါတယ်။ Woodside Petorleum က အမှုဆောင်ချုပ် ပီတာကိုလ်းမင်းက ပါ့တ်မြို့ ဟာသူ့ရဲ့နည်းပညာ အခြေခံဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အရေးရှိနေပြီး မြောက်ပင် လယ် မှာ ရေနံနဲ့ဓါတ်ငွေ့လုပ်ငန်း အဓိကဆောင်ရွက်ပေးနေ ရာ စကော့တလန် ကအဘာဒင်း ဒါမှမဟုတ် နော်ေ၀ က စတာဗင်ဂျာလိုဖြစ် လာနိုင်တယ်လို့ပြော ကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်က ဆယ်နှစ်ကြားတုန်းကဆိုရင်ပါတ်မြို့ဟာရေနံနဲ့ ဓါတ်ငွေ့ စပ်လျဉ်းလို့ အနှစ်သာရမရှိပေါ့တန်တန်ဖြစ်ခဲ့ပေမဲ့ အခုဆိုရင် အဓိကနိုင်ငံ တကာ ရေနံနဲ့ဓါတ်ငွေ့ကုမ္ပဏီကြီးတွေအားလုံး ပါ့တ်မြို့မှာ ရောက်ရှိနေပြီး ဒါမှမဟုတ် လာချင်နေကြပြီလို့ မစ္စတာကိုးလ်မင်းက ပြောပါတယ်။ လက်ရှိလူသစ်စုဆောင်းရေး အေဂျင်စီစစ်တမ်းများမှာ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့နဲ့ ဆက်လက်ဖွံ့ဖြိုး တိုးတက်နေတဲ့ သြစတြေးလျဟာရွှေ့ပြောင်း အခြေ ချတဲ့ ကျွမ်းကျင်ပညာရှင်များအတွက် ထိပ်တန်းနေရာများထဲက တစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း ဖော်ပြနေပါတယ်။ ဒါပေမဲ့ လူသစ်စုဆောင်းရေးအေ ဂျင်စီတစ်ခုဖြစ်တဲ့ Hays Oil & Gas ရဲ့သုတေသနစစ်တမ်းတစ်ရပ်မှာတော့ သြစတြေးလျလုပ်သားတွေရဲ့ ကုန်ကျ စရိတ်ဟာ အမေရိကန်လုပ်သားတွေထက် သုံးပုံတစ်ပုံပိုများတယ်လို့ ပြနေပါ တယ်။