Main menu

Background

ဗီယက်နမ်တွင် ငါးနှစ်အာမခံ စာချုပ်များရောင်းချ ငွေပေါ်လွယ်မှုကြောင့် အဝယ်လိုက်

Tue, 05/28/2013 - 13:31 -- ydnar

ဗီယက်နမ်မှာ နိုင်ငံတော်ဘဏ္ဍာ တိုက်ကအမေရိကန်ဒေါ်လာ၂၃၈ သန်း နဲ့ ညီမျှတဲ့ ဒေါင်ငါးထရီလျံဖိုးတဲ့ ငါးနှစ် အာမခံစာချုပ်တွေကို တနင်္လာနေ့က ရောင်းချခဲ့ပါတယ်။

အစိုးရရဲ့ အကြွေးစနစ်နဲ့ ရောင်းချ မှုမှာအတိုးနှုန်းတွေလျှော့ချခဲ့ပြီးတဲ့နောက် ငါးနှစ်အာမခံစာချုပ်တွေ အရောင်းသွက်ခဲ့ ပါတယ်။စာချုပ်တွေရောင်းချတဲ့အခါ ဝယ်ယူ သူတွေအတွက် အကျိုးခံစားခွင့် တစ်နည်းပြောရရင် ကျသင့်တဲ့ တန်ဖိုး ထက် လျှော့ပေးရတဲ့နှုန်းထား (Yield) ၈ ဒသမ ၂၃ ရာခိုင် နှုန်းနဲ့ရောင်းချပေး ခဲ့ခြင်းဖြစ်ပါတယ်။ ငါးနှစ်စာချုပ်တွေ နောက်ဆုံးရောင်း ချခဲ့တဲ့ မေ ၁၃ ရက်တုန်းက ၈ ဒသမ ၄၅ ရာခိုင်နှုန်းလျော့ဈေးနဲ့ နှိုင်းယှဉ်မယ် ဆိုရင် ဈေးလျှော့ပေးရမှုကျဆင်းခဲ့တာ ဖြစ်ပါတယ်။ အကြွေးစနစ်နဲ့ ဝယ်ယူရရှိမှုအပြင် ဘဏ်တွေအခြား ငွေပေါ်လွယ်မှုကြောင့် စာချုပ်တွေ အဝယ်လိုက်ခဲ့ပြီး ဈေး လျှော့ပေးရမှု (Yield) ကျဆင်းခဲ့ရခြင်း ဖြစ်တယ်လို့ဟနွိုင်းမြို့မှာရှိတဲ့ MB  Sec- urities Joint-stock   ကငွေကြေးပညာ ရှင်ထရန်သီသန့်သောကပြောပါတယ်။ ဘဏ်တွေရဲ့ နေ့စဉ်စာရင်းတွေအ ပေါ်ဘလွန်းဘတ်ရဲ့ စုစည်းပြုစုချက်အ ရ မေ ၂၂ ရက်နေ့မှာ ငါးနှစ်အာမခံစာ ချုပ်တွေအပေါ် ဈေးလျှော့ရမှု (Yield)  ဟာ မဆိုစလောက် သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး ၈ ဒသမ ၂၅ ရာ ခိုင်နှုန်းဈေးပေါက်တယ်လို့ သိရပါတယ်။ ဒီနှုန်းထားဟာ မတ်လ ၂၉ ရက် နေ့နောက်ပိုင်း ဈေးလျှော့ရမှု (Yield)  အများဆုံးကျဆင်းမှုဖြစ်ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အနိမ့်ဆုံးအ ဆင့်ရောက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။