Main menu

Background

ဗြိတိသျှဆိုင်နာဂျီကုမ္ပဏီ ထိုင်းနိုင်ငံ တွင် ပထမဆုံးစက်ရုံတည်ဆောက် ရန်စီစဉ်

Tue, 05/28/2013 - 13:31 -- ydnar

ဗြိတိသျှက အစားအသောက်တွေ အနံ့အရသာပိုမိုကောင်းမွန်စေတဲ့ ဖြည့် စွက်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးတဲ့ ဆိုင် နာဂျီကုမ္ပဏီဟာ ထိုင်းနိုင်ငံ၊ ဆာမတ်ဖ ရာစန်ပြည်နယ်မှာ စက်ရုံအသစ်တစ်ခု တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ Synergy Flavours (Thailand)   ရဲ့ မန်နေဂျင်းဒါရိုက်တာ ဂီးရော့ အယ်လန်က ထိုင်းနိုင်ငံရဲ့ မဟာဗျူဟာ ကျတဲ့တည်နေရာ၊ ကုန်ကြမ်း ပစ္စည်း ပေါကြွယ်ဝမှုနဲ့ ကောင်းမွန်တဲ့ အခြေခံ အဆောက်အအုံတွေစတဲ့ အားသာ ချက်တွေကြောင့် အာရှမှာ ကုမ္ပဏီရဲ့ ပထမဆုံးစက်ရုံကို ထိုင်းနိုင်ငံမှာ ထူ ထောင်ဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ သူ့ရဲ့ အစားအ သောက်တွေအတွက် အနံ့အရသာဖြည့် စွက်ပစ္စည်း ၈၀ ရာခိုင်နှုန်းကျော်ကို တင် သွင်းနေပြီး ကမ္ဘာပေါ်မှာ ပဉ္စမမြောက် အစားအစာတင်ပို့နေတဲ့ နိုင်ငံဖြစ်တဲ့အ လျှောက် အာရှမှာ ခြေချဖို့အကောင်း ဆုံးနေရာဖြစ်နေပါတယ်လို့ ဂီးရော့အယ် လန်က ဆိုပါတယ်။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံတွေကို ကုန်ပစ္စည်းတွေ အလွယ်တ ကူတင်ပို့နိုင်စွမ်းရှိတာကလည်း ထိုင်းနိုင် ငံမှ ရွေးချယ်ရတဲ့ အချက်တစ်ချက်လို့ ထပ်မံပြောကြားခဲ့ပါသေးတယ်။ ထိုင်းနိုင်ငံ ဆာမတ်ဖရာခန်ပြည် နယ်၊ဘန်ပလီးစက်မှုဇုန်မှာ တည်ဆောက် ထားတဲ့ ဆိုင်နာဂျီရဲ့ စက်ရုံသစ်ကို အ စားအစာနဲ့ ဆေးဝါးကြီးကြပ်ရေးအဖွဲ့ရဲ့ အတည်ပြုချက်ရပြီးရင် လာမဲ့လကုန် ပိုင်းလောက်မှာ စတင်လည်ပတ်ဖို့ စီစဉ် ထားပါတယ်။ မစ္စတာအယ်လ်လန်က ဒေသတွင်း ကအင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ကိုလည်း မကြာခင်ကာလတိုအတွင်း လုပ်ငန်းချဲ့ ထွင်သွားဖို့ ကုမ္ပဏီက အာရုံစိုက်ထားပါ တယ်လို့ ပြောခဲ့တဲ့အပြင် ရေရှည်အနေ နဲ့ မြန်မာနိုင်ငံမှာလည်း ဈေးကွက်ထိုး ဖောက်သွားဖို့ရှိပေမဲ့ အနည်းဆုံးငါးနှစ် လောက်လိုဦးမှာပါလို့ ဆိုပါတယ်။