Main menu

Background

ဂျပန်ဝန်ကြီးချုပ်၏ ငွေကြေးပေါ်လစီကြောင့် ဂျပန်စီးပွားရေးပြန်လည်ကောင်းမွန်လာ

Tue, 05/28/2013 - 13:48 -- ydnar

ဂျပန်ဝန်ကြီးချုပ်ရှင်ဆိုအာဘေး ၏ငွေကြေးလျှော့ချမှုပေါ်လစီလမ်းစဉ်များ ကြောင့်  ဂျပန်နိုင်ငံ၌ ပြည်ပပို့ကုန်နှင့် စက်ရုံထုတ်ကုန်များ ပြန်လည်တိုးတက် လာခဲ့ပြီး ဂျပန်အစိုးရအနေဖြင့် ၎င်း တို့ ၏ စီးပွားရေးဆိုင်ရာ စစ်တမ်းကောက် ယူမှုကို လွန်ခဲ့သောအပတ် တနင်္လာ နေ့တွင် တိုးမြှင့် လုပ်ဆောင်ခဲ့ကြ ကြောင်း သိရှိရသည်။ ဂျပန်နိုင်ငံသည် ကမ္ဘာ့တတိယမြောက် အကြီးဆုံး စီးပွား ရေးဇုန်ဖြစ်ပြီး စီးပွားရေးကပ်ဆိုက် ကာလလွန်ပြီးနောက်တွင် တဖြည်း ဖြည်း ပြန်လည်ဦးမော့လာကြောင်း အစိုးရဝန်ကြီးရုံးမှ ထုတ်ပြန်ချက်များ အရသိရှိရပါသည်။ အဆိုပါ စစ်တမ်း ကောက်ယူမှုမှာ ၂ လအတွင်း၌ ပထမ အကြိမ်မြောက်ဖြစ်ပြီး စစ်တမ်းများအရ စီးပွားရေးမှာ တိုးတက်ကောင်းမွန် လာမှုများရှိနေသော်လည်းအချို့နေရာ များတွင် အားနည်းသော အချက်လေး များရှိနေကြောင်းလည်း သိရသည်။

စောင့်ကြည့် စစ်ဆေးမှုများအရ ကုန်ချောထုတ်လုပ်သူများထဲ၌ အ ကောင်းမြင်ဝါဒသမားများ ပိုမိုများပြား လာခြင်းသည် ပြည်ပပို့ကုန်ကဏ္ဍတွင် ကြီးမားသော အပြောင်းအလဲကို ဖြစ် လာစေနိုင်ကြောင်းနှင့် ယခုအခါတွင် ကုန်ချောထုတ်လုပ်သူများအနေဖြင့် ဝန်ဆောင်မှုကဏ္ဍပိုင်း၌ လုပ်ဆောင်မှု နှေးကွေးလျက်ရှိနေကြောင်း သိရသည်။ ရှင်ဆိုအာဘေး၏ မဟာဗျူဟာ မြောက် အစီအစဉ်ကို နိုဝင်ဘာလ အတွင်း၌ ထုတ်ဖော်ဆောင်ရွက်ခဲ့ပြီး ဆယ်စုနှစ် နှစ်ခုကြာမျှ နှေးကွေးနေခဲ့သော ပြည် တွင်းစီးပွားရေး ကပ်ဆိုက်မှုကို အဆုံး သတ်ရန် ရည်ရွယ်သည်။                 ထို့ပြင် တက်ကြွရွှင်လန်းသော စတော့ရှယ်ယာဈေးကွက်ပေါ်ထွန်းလာ ရေးနှင့် ကျယ်ပြန့်သော စီးပွားရေး ကဏ္ဍတွင်ထပ်မံ၍ အပေါင်းလက္ခဏာ များ မြင်တွေ့နိုင်စေရန် ရှင်ဆိုအာဘေး  မှရည်ရွယ်ထားသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဖြစ်သူ Akira Amariမှလည်း ၎င်း တို့သည် ဘဏ္ဍာရေးနှင့် ငွေကြေး ပေါ်လစီကဏ္ဍတွင် ဝန်ကြီး ချုပ်ဇိုအာဘေး၏ စီမံခန့်ခွဲမှုအတိုင်း လိုက်နာ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ မျက်မှောက်ကာလ တွင် တိုးတက်မှုပိုင်း၌ ပြည်ပပို့ကုန် တင်ပို့မှုသည် ဦးဆောင်လျက် ရှိပြီး မှာယူသုံးစွဲသူများ၏ သုံးစွဲနိုင်မှုအား သည်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း Akira မှ ထပ် လောင်းပြောကြားခဲ့သည်။ ဝန်ကြီးချုပ် အာဘေး၏ဘဏ္ဍာရေးနှင့် ငွေကြေး ပေါ်လစီလမ်းစဉ်သည် ပြည်ပ ပို့ကုန် ပိုမိုမြှင့်မားလာစေပြီး စီးပွားရေးနှင့် ငွေ ကြေးပေါ်လစီပိုင်းတွင်လည်း ကူညီ ဖေးမနိုင်မည်ဟု မျှော်လင့်ပါကြောင်း အစိုးရ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက အစီရင်ခံစာ၌ ပြောကြားခဲ့ သည်။