Main menu

Background

ရက်သတ္တပတ် စီးပွားရေး.သတင်းတိုများ

Wed, 06/05/2013 - 12:19 -- ydnar

တိုကျို ဂျပန် နိုင်ငံရဲ့ စက်မှု ကုန်ထုတ် လုပ်မှုက မတ်လနဲ့နှိုင်းယှဉ်ရင် ဧပြီ မှာ ၁ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း မေ ၃၁ ရက်ကထုတ်ပြန်တဲ့ တရားဝင်ကိန်းဂဏန်းအချက် အလက် တွေအရသိရ ပါတယ်။အစိုးရကဂျပန် စီးပွားရေး နာလန်ထူဖို့ ဆောင်ရွက် လာတဲ့အတွက် လအလိုက် တိုးတက် မှု ရှိလာတာကိုကြည့်ရင် စက်မှု ကုန်ထုတ်လုပ်ငန်းတွေ အရှိန်ယူလာ ပြီဆိုတာ တွေ့ရကြောင်း ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။

 
မနီလာ ဖိလစ်ပိုင် စီးပွားရေးက ၂၀၁၃ ခုနှစ်ပထမသုံးလပတ်မှာ ၇ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့တဲ့ အတွက် သမ္မတဘင်နစ်နိုအကွီနို ၂၀၁၀ ပြည့် နှစ်က တာဝန်ထမ်းဆောင်ချိန်မှစပြီး အကောင်းဆုံး စွမ်းဆောင်မှုဖြစ်ခဲ့ ကြောင်း တာဝန်ရှိသူတွေက မေ ၃၀ ရက်ကပြောပါတယ်။ ယခုရလဒ်က ယခင်နှစ်အလားတူကာလက ရရှိခဲ့ တဲ့ ၆ ဒသမ ၅ ရာခိုင်နှုန်း ထက် သာလွန်ခဲ့ပြီး ဝန်ဆောင်မှု၊ စက်မှုနဲ့ လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွေ ကြောင့် ယခုတိုးတက်ခဲ့ကြောင်း စာ ရင်းအင်းဘုတ်အဖွဲ့ကပြောပါတယ်။
ဆိုးလ် တောင်ကိုရီးယားရဲ့ စက်မှုကုန် ထုတ်လုပ်မှုက ဧပြီလ မှာ မတ်လနဲ့ နှိုင်းယှဉ်ရင် သုည ဒသမ ၈ ရာခိုင် နှုန်းမြင့်တက်ခဲ့ပြီး ၂၀၁၂ ခုနှစ်အထိ သုံးနှစ်ခန့် စီးပွားရေးတိုးတက်နှုန်း နှေးကွေးခဲ့တဲ့စီးပွားရေးအတွက် မျှော် လင့်ချက် ရှိလာပြီဖြစ်ကြောင်း ကိုရီး ယား စာရင်းရုံးက မေ ၃၀ ရက်က ပြောပါတယ်။ သတ္တုတူးဖော်ရေး၊ ကုန်ချောထုတ်လုပ် မှုသဘာ၀ ဓာတ် ငွေ့နဲ့ လျှပ်စစ်လုပ်ငန်းတွေကြောင့် ယခုလို တိုးတက်ခဲ့ရတယ်လို့ ဆိုပါ တယ်။စင်ကာပူ စင်ကာပူမှာ လက်ရှိ ဖြစ်ပွားနေ တဲ့သွေးလွန်တုပ်ကွေးရောဂါဘေးမှာ ပထမဆုံး အသက်နှစ်ဆယ်အရွယ် တရုတ်လူမျိုးစင်ကာပူနိုင်ငံသားတစ်ဦး သေဆုံးခဲ့ပါတယ်။ ဒီသတင်းကို စင် ကာပူအမျိုးသားအားကစားအသင်း Cuesports Singapore ရဲ့ Face book   မှာတွေ့ရပြီး သေဆုံးသူမှာ ဘီလိယက်အားကစားသမား အန်း ယောင်ဟန်ဖြစ်တယ်လို့ ဆိုပါတယ်။