Main menu

Background

ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံက အတိုးနှုန်း လျှော့ချ

Wed, 06/05/2013 - 12:10 -- ydnar

စီးပွားရေး နှေးကွေးကျဆင်းမှု ကြောင့် ထိုင်းအစိုးရကငွေကြေးမူဝါဒ လျှော့ချပေးဖို့တိုးမြှင့် တောင်းဆိုလာခဲ့ ပါတယ်။ ဒါကြောင့် ထိုင်းဗဟို ဘဏ်က ယခုနှစ်အတွင်းပထမဆုံးအ ကြိမ်အဖြစ် ဗဟိုဘဏ်ရဲ့အခြေခံ အတိုး နှုန်းကို မေ ၂၉ ရက်ကစပြီးလျှော့ချပေး ခဲ့ပါတယ်။ ဗဟိုဘဏ်ရဲ့ တစ်နေ့သက် တမ်းရှိဘွန်း စာချုပ်တွေဝယ်ယူ တဲ့နှုန်းကို သုည ဒသမ ၂၅ ရာခိုင်နှုန်းလျှော့ချပြီး ၂ ဒသမ ၅ ရာခိုင်နှုန်းအဖြစ်ထိုင်းဗဟို ဘဏ်က သတ်မှတ်ပေးခဲ့ ပါတယ်။ ယခု နှစ်အတွင်းပထမအကြိမ်လျှော့ချခဲ့တာ ဖြစ်ပြီးကန့်ကွက် သူမရှိတစ်ညီ တစ် ညွှတ်တည်းသဘော တူညီချက်အရ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ယခုဆုံး ဖြတ်ချက်က ဘလွမ်းဘတ်မှ စီးပွားရေး ပညာရှင် ၂၄ ဦး အနက် ၁၅ ဦးရဲ့ ခန့်မှန်းချက်နဲ့ကိုက် ညီခဲ့ပြီး တစ်ဦးက သုည ဒသမ ၅ ရာခိုင်နှုန်းလျှော့ချမယ် လို့ ခန့်မှန်းထားပါတယ်။ ကျန်ရှစ်ဦး ကပြောင်းလဲမှုရှိမှာ မဟုတ်ဘူးလို့ခန့် မှန်းခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း က ၂၀၁၂ ခုနှစ်နောက်ဆုံးသုံးလပတ် နဲ့နှိုင်းယှဉ်ရင် ၅ ဒသမ ၃ ရာခိုင်နှုန်းနဲ့  ယခုနှစ်ပထမသုံးလပတ်နဲ့နှိုင်းယှဉ်ရင် ၁၉ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ဒါ ကြောင့် သြစတြေးလျနဲ့တောင်ကိုရီး ယားတို့လို ငွေကြေးမူဝါဒ လျှော့ချမှု လမ်းကြောင်းပေါ်ကို လိုက်ပါဖို့ တာဝန် ရှိသူတို့အတွက်အခွင့်သာစေခဲ့ပါတယ်။ တကယ်လို့ စီးပွားရေးတိုးတက် မှုအရှိန်အဟုန်ကျလာရင်မူဝါဒကိုလျှော့ ချပေးတော့မှာဖြစ်ကြောင်း ထိုင်းဗဟို ဘဏ်အုပ်ချုပ်ရေးမှူး ပရာဆမ်ထရိုင် ဗိုရာကူးကပြောကြားပါတယ်။  ဧပြီလ အတွင်းကဘတ်ငွေတန်ဖိုးက ၁၆ နှစ် အတွင်းအမြင့်ဆုံးသို့ရောက်ရှိချိန်မှာ ငွေကြေးတန်ဖိုးမြင့်တက်တာကို ထိန်း ချုပ်ရန်အတိုးနှုန်းတွေ လျှော့ချပေးဖို့ ဘဏ္ဍာရေးဝန်ကြီးကစ်တီရပ်နာရနောင်း ရဲ့ တောင်းဆိုမှုကိုအစဉ်တစိုက်ခုခံရာ မှ ထိုင်း ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးက ယခု လိုပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။