Main menu

Background

လယ်ယာထွက်ကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်အောင် တောင်ကိုရီးယား အစိုးရက ဆောင်ရွက်မည်

Wed, 06/05/2013 - 12:19 -- ydnar

လယ်ယာ ထွက်ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်မှာကို ထိန်းချုပ်နိုင်ဖို့ အတွက် အစီအမံတွေကိုတောင်ကိုရီး ယားအစိုးရက မေ ၂၇ ရက်ကကြေညာ ခဲ့ပါတယ်။ ဒီအစီအမံတွေထဲမှာ ထုတ် လုပ်သူနဲ့စားသုံးသူတွေ အချင်းချင်း တိုက်ရိုက်ဆက်သွယ်မှုတွေပိုမိုတိုးချဲ့ ဆောင်ရွက်သွားမဲ့ အစီအမံတွေလည်း ပါဝင်ပါတယ်။

ဒီအစီအမံတွေက၂၀၁၆ ခုနှစ်မှာ ကုန်ပစ္စည်းဖြန့်ဖြူးမှု ကုန်ကျစရိတ်ကို ပျမ်း မျှ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင် နှုန်းထိ လျှော့ချနိုင်မှာဖြစ်ကြောင်း လယ် ယာ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနဲ့ကျေး လက်ရေးရာ ဝန်ကြီးဌာနက ပြောပါ တယ်။ ဒီစီမံကိန်းကို အဓိကအကောင် အထည်ဖော်မှာက အမျိုးသား လယ် ယာ စိုက်ပျိုးရေး သမဝါယမဖက်ဒရေး ရှင်းဖြစ်ပါတယ်။ဖက်ဒရေးရှင်းက လယ် ယာထွက်ကုန်တွေရဲ့ လက်လီရောင်းချ မှုကို ၂၀၁၂ ခုနှစ်က ဝမ် ၉၅၆ ဒသမ ၆ ဘီလီယံ (ဒေါ်လာ ၈၄၇ သန်း) ရှိခဲ့ ရာမှ၂၀၁၆ ခုနှစ်မှာ ဝမ် ၁ ဒသမ ၉၃ ထရီလီယံထိ ဆောင်ရွက်သွားဖို့ ရည် မှန်းထားပါတယ်။ ဒီကာလအတွင်းမှာ ဈေးကွက်ဝေစုကိုလည်း နှစ်ဆ မြှင့် တင်ပြီး  ၇ ရာခိုင်နှုန်းကနေ ၁၄ ရာခိုင် နှုန်းထိ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။ အခုချမှတ်ထားတဲ့ အစီအမံတွေ အရလယ်ယာထုတ်ကုန်တွေကိုဖြန့်ဖြူး တဲ့နေရာအဆင့်တွေလျှော့ချပြီး နှစ်ဆင့် သုံးဆင့်လောက်သာထားတော့မှာ ဖြစ် ပါတယ်။ လောလောဆယ်မှာ လယ် ယာထုတ်ကုန်တွေက စတိုးဆိုင်တွေနဲ့ စားသုံးသူတွေဆီမရောက်မီ လက်လီ ရောင်းချသူသုံးဦးလောက်ကို ကျော်ပြီး သွားနေရပါတယ်။ ဒါကြောင့် ဈေးနှုန်း တွေက နှစ်ဆလောက်ပိုတက်လာပါ တယ်။