Main menu

Background

လုပ်ငန်းသစ်တွေ ထူထောင်လာတဲ့အတွက် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာ

Wed, 06/05/2013 - 12:20 -- ydnar

ဗီယက်နမ်နိုင်ငံမှာ ယခုနှစ်ပထမ ငါးလအတွင်းထူထောင်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းအရေအတွက်က ၄ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ပြီး ၃၁၀၀၉၃ ရှိခဲ့ ကြောင်း စီးပွားရေးလုပ်ငန်းမှတ်ပုံတင် စီမံခန့်ခွဲရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ယခုနှစ်ပထမငါးလအတွင်း လုပ် ငန်းသစ်တွေထူထောင်တာကို တောင် ပိုင်းထရာဘင်းဒေသ၊ ဒေါင်သပ်နဲ့ဘင် ဒင်းပြည်နယ်တွေမှာ အများဆုံးရှိခဲ့တာ ကို တွေ့ခဲ့ရပြီးတိုးတက်နှုန်းက ၁၈၈ ရာခိုင်နှုန်း၊ ၉၀ ဒသမ ၉ ရာခိုင်နှုန်း နဲ့ ၇၈ ဒသမ ၅ ရာခိုင်နှုန်းအသီးသီးရှိခဲ့ ကြပါတယ်။ လုပ်ငန်းတိုးတက်မှုနှုန်းမြင့်မား ခဲ့ ပေမဲ့လုပ်ငန်းထူထောင်မှုနည်းတဲ့ ကဏ္ဍ တွေက ဘဏ္ဍာရေးဘဏ်လုပ်ငန်းနဲ့ အာမခံလုပ်ငန်း (၆ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်း)၊ ဆောက်လုပ်ရေး (၇ ဒသမ ၁ ရာခိုင်နှုန်းကျဆင်း) နဲ့ အိမ်ခြံမြေ လုပ်ငန်း (၁၄ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်း)တို့ ဖြစ်ပါတယ်။ မေလအတွင်းမှာ လုပ်ငန်းဖျက် သိမ်းတာအတော်နည်းခဲ့ပါတယ်။ လုပ် ငန်းဖျက်သိမ်းတာကယခင်လနဲ့နှိုင်းယှဉ် ရင် ၅၇၀ သာပိုမိုပြီး ၂၇ ဒသမ ၁ ရာ ခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ လုပ်ငန်း ခေတ္တ ရပ်ဆိုင်းတဲ့လုပ်ငန်း၃၀၂၀ ရှိပြီး ယခင်လနဲ့နှိုင်းယှဉ်ရင် ၁၅ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ယခင်နှစ်အလားတူကာလ နဲ့နှိုင်းယှဉ်ရင် ၁၃ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းပါတယ်။ ဒီစာရင်းဇယားတွေကိုကြည့်ရင် စီးပွားရေးလုပ်ငန်းတွေတိုးတက်နေပေမဲ့ အခက်အခဲတွေရှိနေသေးတယ်ဆိုတာ ကိုပြသပါတယ်။