Main menu

Background

မေလမှာ စင်ကာပူ ဒေါ်လာတန်ဖိုး ကျဆင်း

Wed, 06/05/2013 - 12:21 -- ydnar

မေလထဲမှာ စင်ကာပူဒေါ်လာရဲ့ တန်ဖိုးကျဆင်းမှုက အာရှဒေသရှိ ငွေ ကြေးတွေရဲ့အကြားမှာ စွမ်းဆောင်ရည် အဆိုးဝါးဆုံးငွေကြေးအဖြစ်ကို ရောက် ရှိစေခဲ့ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ ယခုအချိန်ထိ ၃ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

စင်ကာပူဒေါ်လာရဲ့ဝယ်ယူနိုင်စွမ်းအားက ယခင်ကရှိခဲ့တဲ့အတိုင်း မဟုတ် တော့တဲ့အတွက်မကြာခဏ ခရီးသွားရသူတွေအဖို့မကြာသေးမီ ရက်သတ္တပတ် များအတွင်း အထိနာတာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အမေရိကန်စီးပွားရေးအတွင်းသို့ ငွေကြေးဖြည့်တင်းပေးနေတာကို ပြန် လည်ရုပ်သိမ်းတော့မှာဖြစ်ကြောင်း အမေရိကန်ဗဟိုဘဏ်ဥက္ကဌ ဘင်ဆာ နန်ကီ က မေလဆန်းပိုင်းကပြောခဲ့ပါတယ်။ ဒီလိုပြောပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ် ဇွန်လနောက်ပိုင်းကတည်းက တစ်စစမြင့်တက်လာတဲ့ စင်ကာပူဒေါ်လာ တန်ဖိုး က မေလဆန်းမှာရုတ်တရက် တန်ဖိုးမြင့်တက်မှု ရပ်တန့်ခဲ့ပါတယ်။ ဒေါ်လာ ငွေကြေးပုံနှိပ်ထုတ်ဝေမှု နည်းလာတာကြောင့် ဒေါ်လာတန်ဖိုး မြင့်တက်ပြီး အတိုးနှုန်းတွေ လည်း မြင့်တက်လာနိုင်ပါတယ်။ ဒါကြောင့် ဒေါ်လာကို ကိုင်ထားဖို့အတွက်  ဆွဲဆောင်မှုပိုမိုရှိလာနိုင်ပါတယ်။ ကမ္ဘာ့စီးပွား ရေးမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့စီးပွားရေး နာလန်ထူလာတဲ့ တိုင်အောင် စင်ကာပူဒေါ်လာရဲ့ အားနည်းမှုကဆက်လက်တည်ရှိနေဦးမှာ ဖြစ်ပါတယ်။ ယခင်လကပဲ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့အတွက် စင်ကာပူဒေါ် လာတန်ဖိုးတစ်စစမြင့်တက်လာအောင် ခွင့်ပြုသွားမှာဖြစ်ကြောင်း အဖွဲ့ရဲ့မူဝါဒ ရပ်တည်ချက်ကို စင်ကာပူငွေကြေး အာဏာပိုင်အဖွဲ့ (MAS)  ကကြေညာခဲ့ ပါတယ်။ ယခုနှစ်ပထမသုံးလပတ်မှာ စင်ကာပူနိုင်ငံရဲ့ စုစုပေါင်းပြည်တွင်းကုန် ထုတ်လုပ်မှု (ဂျီဒီပီ) ကခန့်မှန်းထားတာ ထက်ပိုမိုကောင်းမွန်ခဲ့ပေမဲ့ ကမ္ဘာ့စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေတွေက စီးပွားရေးကိန်းဂဏန်းအချက်အလက် တွေကပိုပြီး စင်ကာပူဒေါ်လာအပေါ်မှာ အကျိုးသက်ရောက်မှု ရှိနိုင်ပါသေး တယ်။ လက်ရှိကမ္ဘာ့စီးပွားရေးနှေးကွေး ကျဆင်းမှုက စင်ကာပူဒေါ်လာကျဆင်း မဲ့အလားအလာကို ပြနေပါတယ်။