Main menu

Background

ကသာမြို့နယ်မှာ ကြံစိုက်ပျိုးမှုတိုးတက်စေခြင်းဖြင့် ကုန်သွယ်မှုကို မြှင့်တင်စို့

Wed, 06/05/2013 - 12:34 -- ydnar

နိုင်ငံတော်ဟာ စိုက်ပျိုးရေးနိုင်ငံအဖြစ်ရပ် တည်လျက်ရှိရာ စားနပ်ရိက္ခာဖူလုံရေးနဲ့ နိုင်ငံခြား ဝင်ငွေရရှိရေး အတွက်လယ်ယာကဏ္ဍဖွံ့ဖြိုးရေးနဲ့ ကုန်သွယ်မှုမြှင့်တင်ရေးကို တိုးမြှင့်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကြံစိုက်ပျိုး ထုတ်လုပ်တဲ့ တောင်သူ များရဲ့ လူနေမှုဘဝမြင့်မားလာစေခြင်းဟာ နိုင်ငံ တော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုတဲ့အပြင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ဆင်း ရဲမှု လျှော့ချရေးလုပ်ငန်းများ လုပ်ဆောင်ရာမှာ အုပ်တစ်ချပ်သဲတစ်ပွင့်ပမာ အထောက်အကူပြုနိုင် မှာဖြစ်ပါတယ်။

ဒါကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မှာ ၂၀၁၃ ခုနှစ်၊ မေလ ၂၈ မှ ၂၉ ထိ ကျင်းပခဲ့တဲ့ အိန္ဒိယ-မြန်မာ ကုန်စည်ပြပွဲမှာ ကသာမြို့နယ်ကြံ စိုက်ပျိုးထုတ်လုပ်သူများအသင်း (ကသာ)ပြခန်းမှ ပြခန်းတာဝန်ခံလည်းဖြစ် ကသာမြို့နယ်ကြံအသင်း အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးထွန်းတင်က " က သာမြို့နယ်မှာ အများဆုံးစိုက်ပျိုး ထုတ်လုပ်တဲ့ ကြံ သီးနှံအကြောင်းကို ပြည်တွင်းပြည်ပအဖွဲ့အစည်း တွေ၊ ကုမ္ပဏီတွေသိစေချင် တယ်။ နောက်ပြီး ပြည် တွင်းပြည်ပအဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေကိုလည်း ကျွန်တော်တို့ကသာမြို့နယ်မှာ လာရောက်ပြီး၊ခေတ် မီသကြားစက်ရုံကြီးတွေတည်ထောင်ကြဖို့၊ အသေး စား၊အလတ်စားလယ်ထွန်စက် ကုမ္ပဏီတွေ အနေနဲ့ လည်းကျွန်တော်တို့မြို့နယ်မှာလာရောက်ပြီး၊ပြခန်း တွေဖွင့်လှစ်ရောင်းချဖို့၊ ဓာတ်မြေသြဇာ ကုမ္ပဏီ တွေကိုလည်းကျွန်တော်တို့ဆီကို လာရောက်ချိတ် ဆက်ကြဖို့ရာအတွက် အသင်းအနေနဲ့ဖိတ်ခေါ် ချင်ပါတယ်"လို့ ပြောပြပါတယ်။ ဆက်လက်ပြီး ကြံစိုက်တောင်သူများမှာ မိရိုး ဖလာဖြစ်တဲ့ ကြံကြိတ်ထုံးများအသုံးပြုပြီး၊ ရရှိ တဲ့ပွက်ရည်(ခ)သကာရည်အဖြစ်နဲ့သာမန္တလေး ကို တင်ပို့ရောင်းချလျက်ရှိကြရာမှာစိုက်ပျိုးသီးနံှဖြစ် တဲ့ (ကြံ) များဖြစ်ထွန်းအောင်မြင်လျက်ရှိပေမယ့် ခေတ်မီသကြားစက်ကြီးများနဲ့ထုတ်လုပ်တင်ပို့ရောင်း ချနိုင်ခြင်းမျိုး မရှိသေးတဲ့အတွက် တောင်သူတွေရဲ့ အကျိုးအမြတ်ကတော့ အပြည့်အဝမရရှိကြသေး ကြောင်း၊ကြံစိုက်တောင်သူ များ ဘဝလူနေမှုအဆင့် မြင့်မားလာစေဖို့နဲ့ နိုင်ငံတော် GDP လည်းတိုး တက်လာစေဖို့အတွက် အတိုးနှုန်းသက်သာတဲ့ ချေးငွေတစ်ရပ် အားထုတ်ချေးပေးခြင်း၊ ခေတ် မီသကြားစက်ရုံကြီးများကို ပြည်တွင်းပြည်ပ ကုမ္ပဏီများ အဖွဲ့အစည်းများနဲ့ ချိတ်ဆက်ပြီး တည် ထောင်ပေးခြင်း၊ အသေးစား၊ အလတ်စား၊ အကြီး စားလယ်ထွန်စက်ကုမ္ပဏီများနဲ့ချိတ်ဆက်ပြီးဈေးနှုန်း သက်သာတဲ့အရစ်ကျဝယ်ယူနိုင်ရေး၊ ဆောင်ရွက် ပေးခြင်း၊ခေတ်မီစိုက်နည်းစနစ်များဒေသနဲ့ ကိုက်ညီ တဲ့မျိုးကောင်း၊မျိုးသန့်များရရှိနိုင်အောင်ကူညီဆောင် ရွက်ပေးခြင်း၊ အရည်အသွေးမြင့် ဓါတ်မြေသြဇာ ကုမ္ပဏီကြီး များနဲ့ချိတ်ဆက်ပြီးသင့်တင့်တဲ့ ဈေးနှုန်း နဲ့သုံးစွဲနိုင်ရေးကူညီဆောင်ရွက်ပေးခြင်းတို့ကို လည်း ဆောင်ရွက်ပေးစေ လိုကြောင်း ဆက်လက် ပြောပြ ပါတယ်။               ကျော်မင်းသိန်း - ရွှေဘို