Main menu

Background

ငွေကြေး လိမ်လည်မှုအတွက် ဒစ်ဂျစ်တယ် ငွေကြေးလုပ်ငန်းကို အမေရိကန် ပြည်ထောင်စု နှိမ်နင်း

Wed, 06/05/2013 - 12:30 -- ydnar

ကမ္ဘာပေါ်မှာ အကြီးမားဆုံး ငွေ ကြေးခဝါချမှုအဖြစ် ဒစ်ဂျစ်တယ်ငွေ ကြေး လုပ်ငန်းဆောင်ရွက်သူ Liberty Reseve ကို မေ ၂၈ ရက်ကဖော်ထုတ် ပြီးနှိမ်နင်းခဲ့ပါတယ်။ ကောစတာရီကာ အခြေစိုက်ဒီလုပ်ငန်းက အမျိုးသားအစိုး ရတွေရဲ့ ထိန်းချုပ်မှုဘောင်ကိုကျော်လွန် ကာငွေကြေးပမာဏအမြောက်အမြား  ကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ခဲ့ပြီး နယူးယောက်ရှိအမေရိကန်ရှေ့နေချုပ် ရုံးအဆိုအရ ဒေါ်လာ ၆ ဘီလီယံဖိုးခန့် ရှိ ငွေကြေးခဝါချတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပြီး လိုင်စင်မဲ့ငွေလွှဲလုပ်ငန်း တွေကို ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါ တယ်။ Liberty Reseve  က User  တစ်သန်းအတွက် တရားမဝင်လုပ် ဆောင်ချုပ်ပေါင်း ၅၅ သန်းကိုဆောင် ရွက်ပြီး ကမ္ဘာ့စစ်မှုဆိုင်ရာ ကျူးလွန်မှုကို အထောက်အကူပြုပေးခဲ့ပါတယ်။

ယခုစုံစမ်းစစ်ဆေးဖော်ထုတ်မှုမှာ နိုင်ငံပေါင်း ၁၇ နိုင်ငံ ပါဝင်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကငွေကြေးခဝါချမှုကို ဥပဒေ အရအရေးယူတဲ့သမိုင်းမှာ အကြီးမား ဆုံးဖြစ်ကြောင်းရှေ့နေချုပ်ရုံးကပြောပါ တယ်။ ကော့စတာရီကာ၊ စပိန်နဲ့ နယူး ယောက်တို့မှာ တစ်ပြိုင်နက်ထဲပြုလုပ် တဲ့ ရှင်းလင်းပွဲမှာ Liberty Reseve  ရဲ့ပိုင်ရှင်တွေကို ဖမ်းဆီးခဲ့ပါတယ်။ Liberty Reseve  ကို တည်ထောင်သူ ယခင်အမေရိကန်နိုင်ငံသားဖြစ်ပြီး ယခု အခါကော့စတာရီကာနိုင်ငံသားအဖြစ် ခံယူထားသူ အာသာဘူဒေါ့စကီးနဲ့ သူရဲ့လုပ်ငန်းအစုစပ်တွေကို ဖမ်းဆီးပြီး တရားဝင်ငွေလွှဲစနစ်တစ်ခုသဖွယ်အ ယောင်ဆောင်လုပ်ကိုင်မှု အတွက် တရားစွဲခဲ့ပါတယ်။ ဖောက်သည်တွေက  ယခုအခါ ပိတ်သိမ်းလိုက်ပြီး ဖြစ်တဲ့ Liberty Reseve ဝက်ဘ်ဆိုက်ကိုသုံးပြီး LR လို့ခေါ်ဝေါ်တဲ့ အွန်လိုင်းငွေကြေးကို ဝယ်ယူပြီး တခြား LR user တွေနဲ့ ချိတ်ဆက်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဘူဒေါ့စကီးနဲ့အပေါင်းပါတို့က Liberty Reseve မတည်ထောင်မီက အမေရိကန်ပြည်ထောင်စုမှာ Golden Age   ကုမ္ပဏီကိုတည်ထောင်ပြီး E- Gold  ဒစ်ဂျစ်တယ် ငွေကြေးလုပ်ငန်း ဆောင်ရွက်ခဲ့ပါတယ်။ ဒီလုပ်ငန်းပိတ် သိမ်းခံရပြီးနောက်မှာသူ ကော့စတာရီ ကာကို ရောက်ခဲ့တာ ဖြစ်ပါတယ်။