Main menu

Background

မန္တလေးတိုင်းဒေသကြီးမှာ မုယင်းစပါးလှိုင်လှိုင်ပေါ်ပြီး ဈေးကောင်းရနေ

Wed, 06/05/2013 - 12:48 -- ydnar

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦး လွင်ခရိုင်အတွင်းရှိ မတ္တရာ၊ စဉ့်ကူးမြို့ နယ်များမှာ ဒေသအခေါ် မုယင်းစပါး   (နွေစပါး)များ ယခုအချိန်မှာ လှိုင်လှိုင် ထွက်ပေါ်လျက်ရှိပြီးတောင်သူများဈေး ကောင်းရလျက်ရှိပါတယ်။ ယခင် နှစ်စ ပါးဈေးနှုန်းမှာမနောသုခတစ် တင်း ၃၀၀၀-၄၀၀၀ကျပ် ဖြစ်ပေမဲ့ ယခုနှစ် ဈေးနှုန်း မှာ ၄၅၀၀-၄၇၀၀ ကျပ်အထိ ရောင်းဝယ်လျက်ရှိကြောင်း၊ စဉ့်ကူးမြို့ နယ်၊ ရွှေပြည်ကျေးရွာမှ ဆန်စက်ပိုင်ရှင် တစ်ဦးကပြောပါတယ်။ ယခင်နှစ်ပြင်ဦး လွင်ခရိုင်မှာ စိုက်ဧက သုညဒသမ ၅၂ သိန်း စိုက်ပျိုးနိုင်ခဲ့ပြီး၊ ယခုနှစ်မှာတော့ စိုက်ဧက သုညဒသမ ၅၀ သိန်း စိုက်ပျိုး ထားကြောင်းနဲ့ မျိုးအနေနဲ့ ယခင်နှစ် များကဆန်ကြမ်းများသာစိုက်ပျိုးခဲ့ပြီး၊ ယနေ့အချိန်မှာ အထွက်ကောင်း မနော သုခမျိုးကိုစိုက်ပျိုးကြောင်း၊သက်ဆိုင်ရာ စာရင်းများအရသိရပါတယ်။ ယခုနှစ် စပါးစိုက်ပျိုး ထုတ်လုပ်မှုအနေနဲ့ စိုက် ဧကလျော့ခဲ့ပေမဲ့ ဈေးကောင်းရလို့ စပါး စိုက်တောင်သူများပြုံးပျော်လျက်ရှိကြောင်း သိရပါတယ်။      မောင်ထူး-မန္တလေး