Main menu

Background

တာယာနှင့်အသက်

Wed, 06/05/2013 - 12:59 -- ydnar

မေလ ၂၅ ရက်နေ့က နေပြည် တော်အမြန်လမ်းမှာ ခရီးသည်တင် ယာဉ်တစ်စီးတိမ်းမှောက်တာ လူ ၁၁  ဦးတောင်သေတယ်ဗျာ။ ကားတိမ်း မှောက်တဲ့ဖြစ်စဉ်ကိုလေ့လာတော့အရှိန် လွန်မောင်းနှင်တာရယ်၊ ရှေ့တာယာ ကွဲတာက တရားခံလို့ သိရတယ်။ ကား တစ်စီးမှာတာယာက အသက်လေဗျာ။ အဲဒီတာယာကြောင့်လူတွေအမြန်လမ်း မှာ မိသားစုလိုက် သေကြရတာမကြာ ခဏကြားနေရတယ်။ကားသုံးသူအများ စုကတာယာတော့အကောင်းထည့်ကြ တာပဲ။ဒါပေမယ့်အကောင်းလည်း မကွဲ ဘူးလား၊ ကွဲတာပေါ့ဗျာ။ ပစ္စည်းဆိုတာ သုံးစွဲသူစနစ်တကျမသုံးရင် ကန့်သတ်ချက် ရှိတာပဲလေ၊ ကဲ...ဒီတော့တာယာ အသစ်ကို ဘယ်လိုထည့်မလဲ၊ ကိုယ့် ကားအမျိုးအစားနဲ့ ကိုက်ညီတဲ့တာယာ ကို နာမည်ရှိတဲ့ တာယာအရောင်း ဆိုင် ကကျွမ်းကျင်တဲ့သူနဲ့ တိုင်ပင်ရမယ်၊ မြို့တွင်းသုံးလား၊ နယ်ဝေးသုံးလား၊ စတီးဘယ်နှစ်ပတ်၊နိုင်လွန်ဘယ်နှစ်ပတ်၊ ထုတ်လုပ်တဲ့နိုင်ငံစသည်ဖြင့်ပေါ့ဗျာ။

မြို့တွင်းသုံး ပေါ့ပေါ့ပါးပါးဆိုရင် ဈေးသက်သာတာ၊တာယာညံ့တာထည့် လို့ရတယ်။နယ်ဝေးသုံးမယ်ဆိုရင် တော့ တာယာကောင်းကောင်း ထည့်ရတော့ မယ်။ ဒါ့အပြင်တာယာထဲမှာပါတဲ့ ကြိုး အထပ်ပေါင်း စတီးလား၊ နိုင်လွန်လား၊ စတီးနဲ့နိုင်လွန်  ရောရာလားပေါ့ဗျာ။ တာယာမှာလည်းရေးထားတယ်။သုံးတဲ့ လမ်းအနီးအဝေးပေါ်မူတည်ပြီးရွေးသင့် တာပေါ့။ တာယာထုတ်လုပ်တဲ့ ရက် ကြတော့ လနဲ့ခုနှစ်တွဲရေးလေ့ရှိတယ်။ ဥပမာ ၂၄၁၂ ဆိုရင် ရှေ့နှစ်လုံး ၂၄ ကို တစ်လ (၄)ပတ်ဆိုတော့ (၄)နဲ့စား (၆)ရရင် (၆)လပိုင်း၊ နောက် ၂ လုံးက ၁၂ ဆိုတော့ ၂၀၁၂ ခုနှစ်ပေါ့။ဒါကိုသိ ထားရင် တာယာရောင်းတဲ့သူက ၂၀၀၉ တို့ ၂၀၁၀ တို့ ရောင်းမထွက် တဲ့တိုက် ဆွေးတာယာကိုဈေး သက်သက်သာ သာ နဲ့ "အင"ရောင်းတဲ့ ဝေဒနာမခံစား ရဘူးပေါ့ဗျာ။တာယာရွေးပြီးရင်ဘာလေ သုံးမလဲ၊ရိုးရိုးလေလား၊ ရှယ်လေလား၊ရှယ် လေ ဆိုတာနိုက်ထရိုဂျင်ကို ပြောတာ ပါ။ ရိုးရိုးလေက ရာသီဥတုရွေးတယ်။ ပူရင်ရပ်ထားတာေ တာင်လေပေါင်အရမ်း တက်တယ်။ဒီတော့ခဏခဏ လေချိန်ရ တယ်။ လေရှော့ပေးရတယ်။ အဲဒါတွေ မလုပ်ရင် လေပေါင်များပြီး တာယာကွဲ တာပဲ။ နိုက်ထရိုဂျင်ကတော့ ပူပူအေး အေး လေပေါင်မတက်ဘူး။လေထိုး တာလည်းစက်နဲ့ လိုသလောက် ချိန်ထိုး ထားလို့ရတယ်။ သူ့ဒုက္ခကတော့ လေ ထိုး၊ လေချိန်လုပ်ဖို့ နိုက်ထရိုဂျင် ရတဲ့ ဆိုင်လိုက်ရှာနေရတယ်။ ကဲကားတစ် စီးလုံး ဘယ်လောက် ကောင်းကောင်း မော်ဒယ်ဘယ် လောက်မြင့်မြင့် တာယာ ကအသက်ပဲ၊ တာယာကို ချွေတာရင် အခန့်မသင့်ရင် အသက်ရင်းရမယ်။ တာယာနဲ့အသက် ဘယ်ဟာရွေးမလဲ ဗျာ.....။              ကြုံပြော