Main menu

Background

မိုးရာသီအစ ကျောင်းဖွင့်ရာသီကာလ ကားအရောင်းအဝယ် ပုံမှန်ဖြစ်နေ

Wed, 06/05/2013 - 12:59 -- ydnar

ကျောင်းအပ်နှံရာသီကျောင်း ဖွင့်တော့မည့်ကာလဖြစ်၍ရန်ကုန်မြို့ ရှိကားပွဲစားတန်းများတွင်မိုးရွာသွန်းမှု ရှိနေသော်လည်း လူအဝင်ကားအဝင် များပြားနေကြောင်း သိရသည်။ မိုး တွင်းကာလသို့တဖြည်းဖြည်းရောက် ရှိလာပြီဖြစ်သဖြင့် စိန်ဂျွန်အနီးမင်းရဲ ကျော်စွာယာဉ်ရောင်းဝယ်ရေးစခန်း ထက်စာလျင်သီရိမင်္ဂလာဈေးဟောင်း ယာဉ်ရောင်းဝယ်ရေးစခန်းမှာ မိုးလုံ လေလုံဖြစ်ပြီးအခြေအနေတည်ငြိမ် သဖြင့်လူဝင်ပိုများကြောင်း၊ မြို့တွင်း ရှိ ကျောက်မြောင်းနှင့်အခြားနေရာများ တွင်လည်းအရောင်းအဝယ်အသင့် အတင့်ရှိလာသလို မြို့တွင်းမြို့နယ်စုံ ရှိကားအရောင်းအဝယ်စင်တာများ လည်းအသင့်အတင့်အဝယ်ရှိလာ ကြောင်း သိရသည်။

ယခင်ကတည်းက မိုးရာသီအစ ကျောင်းပြန်လည်ဖွင့်လှစ်သည့်ကာလ တွင်းကားအရောင်းအဝယ်ကောင်း၍ ကားဈေးပါလိုက်တက်လာသော်လည်း ယခုကာလတွင်ကားအရောင်းအဝယ် အသင့်အတင့်ပုံမှန်ရောင်းနေရသည့် သဘောမျိုးဖြစ်နေပြီး တက်ဈေးနှင့် မဟုတ်ပဲကြိုက်ရောင်းကြိုက်ဝယ်ဈေး နှင့်သာဖြစ်နေကြကြောင်း သိသိသာ သာတက်လာသည်မှာ ယာဉ်ဟောင်း အပ်နှံစလစ်ဈေးတန်းသာဖြစ်ကြောင်း မင်းရဲကျော်စွာဝိုင်းဝါရင့်အကျိုးဆောင် များမှပြောသည်။ နယ်ဝယ်လက်များမှာ ယခုတ လောလုပ်ငန်းသုံးကား (ကိုရီးယားလုပ် ကီယာနှင့်ဘွန်ဂိုလိုက်ထရပ်) များနှင့် မိုးရာသီအတွက် အထူးအသုံးတည့် သောဟိုင်းလက်ဆပ်(ဖ်)နှင့် ပါရာဒို ကျပ်သိန်း ၃၀၀မှ ၃၅၀ပတ်လည်ကား များအားအနည်းငယ်အဝယ်ရှိကြောင်း ကား  အရောင်းစင်တာများနှင့် ချိတ်ဆက်ထားသော အကျိုးဆောင် များအလုပ်ဖြစ်နေပြီးတစ်နေ့လျှင်လေး ငါးစီးခန့် ယခုရက်ပိုင်းအတွင်းရောင်း ချနေရကြောင်း သိရသည်။ များသော အားဖြင့်မြို့နေလူတန်းစားမှာ ကျပ်သိန်း ၁၀၀ ပတ်လည်ဆီစားသက်သာသော  မိုဒယ်(လ်)မြင့် ကားလေးများ အဝယ် များကြောင်း၊ ကျောင်းကားသုံးရန် ယခုနှစ်တွင် လိုက်ထရပ်ဇုန် အက္ခရာ ပေါက်စူပါကပ် စတန်နှင့် မီနီဘတ်(စ်) များပါအဝယ်လိုက်လာကြောင်း ဝါရင့် ဝယ်ရောင်းကိုမြင့်ကျော်မှ ပြောသည်။        မေလနှောင်းပိုင်းက "လ" အက္ခ ရာနောက်ပိုင်းလက်ခံ/မခံကောလာဟလ သတင်းတစ်ခုထွက်ရှိလာသဖြင့် ဈေး တန်းထိုးတက်သွားခဲ့သောကားစလစ် ဈေးကွက်မှာလည်း ယခု ''သ" အက္ခရာ အားမရှေးမနှောင်းကာလတွင် အပ်နှံ လက်ခံသွားမည်ဟုပြန်လည်ကြားသိရ သဖြင့်ဈေးတန်းပြန်ဆင်းကာအမည်ပေါက် စလစ်ဈေးကျပ်၉၂သိန်းမှ၉၄ သိန်းကြား တန်နေကြောင်း၊သို့ရာတွင်လတ်တ လော ပြန်ဆင်းကာအမည်ပေါက်စလစ် ဈေးမှ ၆၅ သိန်းမှ ၆၈ သိန်းထိရှိနေပြီး ၎င်းမှာလည်းကျောင်း ဖွင့်ရာသီကာလ အနည်းငယ်အဝယ်လိုက်လာပြီး Van  ဗင်အုပ်စုကားများ အရောင်းရသွက် ကြောင်း၊ ယခုရက်ပိုင်း အတွင်းစီအန်ဂျီ သုံး ဗင်ကားတက္ကစီများယခင်ကျပ်၂၀၀ သိန်းခန့်ရှိရာမှ ယခုကျပ် ၁၇၀/၁၈၀ သိန်းခန့် ဈေးဆင်းရောင်းချမှုရှိလာ သဖြင့် ယင်း မှာလည်းအဝယ်လိုက်လာ ကြောင်း၎င်း မှပြောသည်။       SN