Main menu

Background

ပင်လယ်ရေကြောင်းမှ ပြောင်းတန် ၁၀၀ ကျော် တင်ပို့

Wed, 06/05/2013 - 13:15 -- ydnar

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မေလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလ အတွင်းမှာ ထိုင်းနိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၃၀၀ သန်းဖိုးရှိ ပြောင်းမျိုးစေ့ တန် ၁၅၀ နဲ့မလေးရှားနိုင်ငံသို့ ပြောင်းဖူးစေ့ ၂ တန်ခွဲ တင်ပို့နိုင်ခဲ့ပါ တယ်။ ပြောင်း ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဧပြီလအတွင်းက တင်ပို့မှု မရှိခဲ့ပါဘူး။ နယ်စပ်ကူးသန်းရောင်း ဝယ်ရေးစခန်းများမှာ မေလအတွင်း ကန်ဒေါ်လာ ၂၁ ဒသမ ၂၅၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၅၇၉၉၈ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ယဉ်ယဉ်အေး DCCA