Main menu

Background

ရှမ်းပြည်နယ် ကလောမြို့နယ်အတွင်း မိုးပြောင်းစိုက်ပျိုးမှုမှာ ၈၈၈ မျိုး ထက် ရေဆင်းစပ်မျိုး စိုက်သူများလာ

Wed, 06/05/2013 - 13:15 -- ydnar

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်မှာ ၂၀၁၃-၂၀၁၄ မိုးသီးနှံအစေ့ထုတ် ပြောင်း စိုက်ပျိုးရာမှာ ယခင်စိုက်ပျိုးခဲ့တဲ့ ၈၈၈ စပ်မျိုးစိုက်ပျိုးခြင်းထက် ရေဆင်း စပ်မျိုးအစေ့ထုတ်ပြောင်း စိုက်ပျိုးသူ ပိုမိုများလာကြောင်း သိရပါတယ်။ ဒီလိုရေဆင်း ပြောင်း မျိုးစေ့များကို မျိုးပြောင်းလဲစိုက်ပျိုးခဲ့ခြင်းမှာ အစေ့ထုတ်ပြောင်း တစ်ဧက အထွက်နှုန်းနဲ့ မျိုးစေ့ကုန်ကျစရိတ်များ၊ သွင်းအားစုကုန်ကျစရိတ်များ ကွာခြားလာ ခြင်းကြောင့်ဖြစ်ပါ တယ်။ ပြောင်းစိုက် တောင်သူများရဲ့ အဆိုအရ ၈၈၈ စပ်မျိုး စိုက်ပျိုးရာမှာ တစ်ဧကအတွက် မျိုးစေ့တန်ဖိုးမှာ ၁၆၂၀၀ ကျပ်ဖြစ်လို့ အထွက်နှုန်း မှာ တစ်ဧကကို ၄၀-၄၅ တင်း (ပိဿာ ၆၀၀ မှ ၇၅၀)ခန့် အထိသာ ထွက်ရှိပြီး၊ ရေဆင်းစပ်မျိုးမှာ တစ်ဧကအတွက် မျိုးစေ့တန်ဖိုးမှာ ၈၀၀၀ ကျပ်နဲ့ အထွက်နှုန်းမှာ တင်း ၆၀ (ပိဿာ ၉၀၀)ခန့် အထွက်ရှိတဲ့အပြင် သွင်းအားစုဓာတ်မြေသြဇာ သုံးစွဲ ရမှုမှာလည်း လျော့နည်းမှုရှိကြောင်းနဲ့ ကလောမြို့နယ်မှာ ၂၀၁၃-၂၀၁၄ ပြောင်း စိုက်ဧက ၃၁၂၇ ဧကခန့်ရှိပြီး၊ ၇၅ ရာခိုင်နှုန်းမှာ ရေဆင်း စပ်မျိုးကို ပြောင်းလဲစိုက်ပျိုး မှုရှိကြောင်း၊ အောင်ပန်းမြို့ အခြေစိုက် စိုက်ပျိုးရေးသုတေသနတာဝန်ခံနဲ့ မြို့ပေါ်ရှိ သီးနှံမျိုးစေ့အရောင်းဆိုင်အချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။မင်းအောင် - တောင်ကြီး