Main menu

Background

ရော်ဘာတင်သွင်းခွန် တိုးမြှင့်ကောက်ခံပေးရန် ရော်ဘာစိုက်ပျိုးသူများ တင်ပြတောင်းခံ

Wed, 06/05/2013 - 13:19 -- ydnar

အိန္ဒိယတောင်ပိုင်းပြည်နယ်များရှိ ရော်ဘာစိုက်ပျိုးသူ များက မတ်လအတွင်းမှာ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး အား တွေ့ဆုံပြီး ရော်ဘာသွင်းကုန်ခွန်တိုးမြှင့်ခြင်း မပြုပါက အိမ်နီးချင်းနိုင်ငံများမှ ဈေးနှုန်းသက်သာတဲ့ ရော်ဘာများ ဝင်ရောက်မှုများပြားလာပြီး အိန္ဒိယဈေးကွက်ကိုလွှမ်းမိုးသွား နိုင်တဲ့အတွက် ပြည်တွင်းစီးပွားရေး အကျပ်အတည်းနဲ့ ရင် ဆိုင်ရဖွယ်ရှိတယ်လို့ တင်ပြခဲ့ကြပါတယ်။

လတ်တလောမှာအိန္ဒိယသို့ ရော်ဘာတင်သွင်းသူများ အနေနဲ့ တင်သွင်းတဲ့ပစ္စည်းတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်း သို့မဟုတ် ၁ ကီလိုဂရမ်လျှင် ရူပီး၂၀ နှုန်းနဲ့ နည်းရာကို ပေးဆောင်ခွင့် ပြုထားတာဖြစ်ပါတယ်။အိန္ဒိယရော်ဘာ ထုတ်လုပ်သူများမှ ၉၀ ရာခိုင်နှုန်းနေရာယူထားတဲ့ ပြည်တွင်းရော်ဘာစိုက်ပျိုးရေး လုပ်ငန်းရှင်Kerala  က ကူးသန်းရောင်းဝယ်ရေးဝန်ကြီးကို တွေ့ဆုံပြီး ပြည်တွင်းရော်ဘာ စိုက်ပျိုးသူများ အကျိုးကို ကာ ကွယ်ရန်အလို့ငှာ သွင်းကုန်ခွန်တိုးမြှင့်စည်းကြပ်မဲ့ကိစ္စနဲ့ စပ် လျဉ်းပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ် -ချပြ ဆောင်ရွက်ပေး ရန် တိုက်တွန်း ပြောကြားခဲ့တယ်လို့ ကမ္ဘာ့ရော်ဘာဈေးကွက် သတင်း Website မှာဖော်ပြထားပါတယ်။ သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံမှသာ ပြည်တွင်းရော်ဘာ ထုတ်လုပ်မှုများ ရော်ဘာဈေးလျော့နည်းတဲ့ အတွက် အခက် အခဲနဲ့ရင်ဆိုင်နေရတဲ့ ရော်ဘာစိုက်သူများကို ကူညီရာရောက် မှာဖြစ်ကြောင်းနဲ့ ယခုနှစ် ရော်ဘာဈေးဟာ ၁ ကီလိုဂရမ်ကို ၁၆၀ ရူပီး (၂ ဒသမ ၉၀၉ ဒေါ်လာ) သာရှိပြီး ယမန်နှစ်က ၂၃၀ ရူပီး( ၄ ဒသမ ၁၈၂ ဒေါ်လာ )ရှိခဲ့ရာ ထက်ဝက် နီးပါး လျော့နည်း ကျဆင်းလျက် ရှိနေပါတယ်။ ရော်ဘာခြံစိုက်ပျိုးသူများက ပြည်တွင်းနဲ့ပြည်ပရော်ဘာ ဈေးကျဆင်းနေခြင်းများနဲ့စပ်လျဉ်းပြီး ကူးသန်း ရောင်းဝယ် ရေး ဝန်ကြီးဌာနက သွင်းကုန်ခွန်တိုးမြှင့်စည်းကြပ်ပေးရန် ဆက်လက်တင်ပြ ထားပြီး ဖြစ်ကြောင်းနဲ့ အခွန်ဝန်ကြီးဌာန အနေနဲ့ သွင်းကုန်ခွန်တိုးမြှင့်စည်းကြပ်ရန် မကြာမီ တုံ့ပြန် နိုင်တယ် လို့ မျှော်လင့်ရကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက Business Line  သတင်း ဌာနကိုပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။CMK