Main menu

Background

စင်္ကာပူနိုင်ငံသို့ ရော်ဘာတန် ၄၀၀ ကျော် တင်ပို့

Wed, 06/05/2013 - 13:19 -- ydnar

မေလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်းမှာ ပင် လယ် ရေကြောင်းကုန်သွယ်မှုမှ စင်္ကာပူနိုင်ငံသို့ ကန်ဒေါ်လာ ၁ ဒသမ ၀၆၅ သန်းတန်ဖိုးရှိ ရော်ဘာ MSR 20  ၄၄၃ တန်ကျော်နဲ့  RSS 3 ၁၈တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်က တန် ၇၀၀ ကျော်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခု အပတ်မှာ တန် ၂၀၀ ကျော် လျော့နည်းခဲ့ပါတယ်။ နိုင်ငံ တကာ ရော်ဘာဈေးများမှာလည်း ယခင်အပတ်ကထက် တစ်တန်လျှင် ဒေါ်လာ ၁၀၀ ခန့် ဈေးကျသွားတာကိုတွေ့ရ ပါတယ်။ ပြည်ပပို့မဲ့ ရော်ဘာဈေးများကတော့  RSS 1 တစ်တန်လျှင် ဒေါ်လာ ၂၅၀၀ -၂၆၀၀၊  RSS 2 တစ်တန်လျှင် ဒေါ်လာ ၂၄၀၀- ၂၅၀၀၊  RSS 3 နဲ့ MSR 50 တစ်တန် လျှင်ဒေါ်လာ ၂၃၀၀- ၂၄၀၀၊MSR 10 တစ်တန်လျှင် ဒေါ်လာ၂၄၅၀- ၂၅၅၀၊MSR 20 တစ်တန်လျှင်ဒေါ်လာ ၂၄၀၀- ၂၅၀၀၊ Creep Rubber  တစ်တန်လျှင် ဒေါ်လာ ၂၂၀၀- ၂၃၀၀ ဖြစ်ကြောင်းမြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ် လုပ်သူများအသင်းက ထုတ်ပြန်ထားပါတယ်။ယဉ်ယဉ်အေး DCCA