ယခုနှစ် Close Season အစီအစဉ်တွင် ငါးဖမ်းလှေအားလုံး မပိတ်ဘဲ ၇၅ ရာခိုင်နှုန်းခွင့်ပြုပေးသွားမယ်လို့ မြိတ်ကူးသန်း ရောင်း ဝယ်ရေးကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ မြိတ်ခရိုင်ငါး လုပ်ငန်း ဦးစီးမှူး ဦးမြင့်ရွှေ က ပြောကြားခဲ့ပါတယ်။ ယခင်နှစ်က Close Season ငါးဖမ်းရာသီပိတ်တဲ့အစီအစဉ်အရ ဇွန်လ ၁ ရက်မှ ဇူလိုင်လ ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံး ငါးဖမ်းဆီးခွင့်ပိတ်ပင်ခဲ့တဲ့ အပြင် မေလ ၃၁ ရက်နေ့တွင် ငါးဖမ်းလှေအားလုံး ပင်လယ်ပြင်မှ ပြန်လည် ဝင်ရောက်ခဲ့ရတာဖြစ်ပါတယ်။ ယခုနှစ်မှာ ပင်လယ်ပြင်ငါး ဖမ်းရက် ၉၀ မပြည့်သေးသော ငါးဖမ်းလှေများအား ရက် ၉၀ ပြည့် သည်အထိ ခွင့်ပြုပေးထားပါတယ်။ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ကြိုးပမ်းဆောင်ရွက်မှုကြောင့် ငါးဖမ်း ရာသီ ၄၅ ရက်ပိတ်ရာမှာ ငါးဖမ်းလှေ အားလုံးမပိတ်ဘဲ ၇၅ ရာခိုင် နှုန်း ထွက်ခွင့်ရအောင်ဖြေလျော့ပေးခြင်းကြောင့် ယခုနှစ်တွင်လည်း ယခင်နှစ်ကဲ့သို့ပင် လျာထားချက်ပြည့်မီကျော်လွန်အောင် တင်ပို့ သွားနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ယခုနှစ်မြိတ်စခန်းရဲ့ လျာ ထားချက်မှာ ဒေါ်လာသန်းတစ်ရာဖြစ်ပြီး ဆောင်ရွက်နိုင်မှုမှာ ဒေါ်လာ ၁၁၂ သန်းရှိကြောင်း၊ စခန်း ၉ ခု အနက် ယခင်နှစ်က လျာထားချက်ပြည့်မီကျော်လွန်အောင် တင်ပို့နိုင်ခဲ့တဲ့စခန်းနှစ်ခုမှာ မြိတ်နဲ့ကော့သောင်း စခန်းတို့ဖြစ်တယ်လို့ သိရပါတယ်။ ခင်မြနွယ် ( MIRT )
Background