မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်ကူးသန်းရောင်းဝယ်ရေးစခန်းမှ ၂၀၁၃ ခုနှစ် မေလအတွင်း ဇင့်၊ ခဲ၊ ကြေးနီစတဲ့ သတ္တုရိုင်းတန်ချိန် ၅၃၆ တန်ကို ကန်ဒေါ်လာ သုည ဒသမ ၀၇၅ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်နှစ်ကာလ တူ မေလ မှာတော့ ၆၀၅ တန်တင်ပို့နိုင်တယ်လို့သိရပါတယ်။ ဇင့်သတ္တုရိုင်းတွေကို တစ်ဖက်နိုင်ငံမှာအိမ်မိုးသွပ် ထုတ်လုပ်တဲ့နေ ရာမှာ ကုန်ကြမ်းအဖြစ်အသုံးပြု သလို ခဲသတ္တုရိုင်းကိုတော့ ရောင်ပြန်ပြားတွေ ထုတ်လုပ်တဲ့နေရာမှာ ကုန်ကြမ်း အဖြစ် အသုံးပြုကြတာဖြစ်ပါတယ်။မော်မော်အောင် MIRT (DCCA)
Background