Main menu

Background

ဆံပင်တင်သွင်းခြင်းအတွက် အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာနမှ ထောက်ခံချက်လျှောက်ထားရန် မလိုတော့

Wed, 06/05/2013 - 14:02 -- ydnar

ဆံပင်တုများ မြန်မာနိုင်ငံသို့ တင်သွင်းခြင်းအတွက် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနမှ အလှကုန် ပစ္စည်းများအနေဖြင့် တင်သွင်းခွင့်ထောက်ခံချက်ကို ယခင်က ထုတ်ပေးလျက်ရှိပါတယ်။ ဒါပေမဲ့ ASEAN Cosmetic Directive (ACD) အရ ဆံပင်တုများကို အလှကုန်ပစ္စည်း အဖြစ် သတ်မှတ်ထားခြင်းမရှိတဲ့ အတွက် ဆံပင်တင်သွင်းရန် အစားအသောက်နဲ့ဆေးဝါးကွပ်ကွဲရေးဌာနမှထောက်ခံချက် လျှောက်ထား ရယူရန် မလိုတော့ကြောင်း သတင်းရရှိပါ တယ်။                                               Source: ကညက၊ပန်