Main menu

Background

ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနှင့် ပဲစင်းငုံနီအောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်

Wed, 06/05/2013 - 14:13 -- ydnar

ဘုရင့်နောင်ဈေးကွက်မှာ ယခင်အပတ်က မတ်ပဲ (RC) တစ် တန်ကို ၅၇၄၅၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ပါ ပုံမှန်ရှိခဲ့တဲ့မတ်ပဲက ဒီတစ်ပတ်မှာ အိန္ဒိယအဆွဲလျော့သွားတာကြောင့် ဈေးကျလာပြီး တစ်တန်ကို ၅၅၄၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းသွား တယ်လို့ ဆိုပါတယ်။ ပဲက အရင်တစ်ပတ်က အရောင်းအဝယ်ပါ ကောင်းခဲ့ပြီး ဒီတစ်ပတ်မှာတော့ ပြည်ပအဆွဲပါးသွားသလို ရောင်း လက်တွေကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းသွား တယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်မှာ ဈေးစဖွင့်ချိန်မှာ တစ်တန်ကို ၅၆၈၅၀၀ ကျပ်ရှိရာက တရိပ်ရိပ်ကျဆင်းလာပြီး ဈေးကွက်ပိတ်တဲ့ ရက်မှာတော့ တစ်တန်ကို ၅၅၄၀၀၀ ကျပ်ဈေးသာရှိတာကြောင့် ယခင်အပတ်နဲ့စာရင် တစ်တန်ကို ၂၀၀၀၀ ကျပ်ခန့်ဈေးထိုးကျသွား တယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ (RC) ကိုလည်း ပြည်ပဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်း သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို ၆၅၅၀၀၀ ကျပ်ဈေးနဲ့ ဒိုင်ပြင်ပဈေးကွက်မှာ နေ့စဉ်အရောင်းအဝယ် ဖြစ်ခဲ့ပေမယ့် အရောင်းအဝယ်ဖြစ်မှုပမာဏတော့ လျော့သွားကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။