Main menu

Background

မကွေးဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ကုလားပဲ(ထိုင်ဝမ်) ဈေးကျပြီး နှမ်းမျိုးစုံ ပုံမှန်အရောင်းအဝယ်ဖြစ်

Wed, 06/05/2013 - 14:13 -- ydnar

မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် က ပြည်ဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေကိုကြည့်ပြီး တွက်ချက် ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ် ပိဿာကို ၁၀၃၀ ကျပ်(တစ်တန်ကို ၆၃၀၇၆၁ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၃၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဈေးကွက်အ တွင်းမှသိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကိုတော့ မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိပေမယ့် ရန်ကုန်အဆွဲအေးတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးကအကျဘက်သို့ ဦးတည်လာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၅၈ ကျပ်(တစ်တန်ကို ၅၈၆၆၆၉ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကို ရန်ကုန်-မန္တလေးနဲ့ မြို့ခံဆီစက်တွေအဝယ် ဆုံလို့ တက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူတစ်ပိဿာ ၃၀၇၀ ကျပ်၊ နှမ်းနက်တစ် ပိဿာ ၃၂၂၅ ကျပ်၊ နှမ်းနီတစ်ပိဿာ ၂၇၂၅ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံ တစ်ရက်ကိုအိတ် ၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။