ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို မြို့ခံခွဲစက်တွေဝယ် အားပုံမှန်ရှိပေမယ့် ရန်ကုန်အဆွဲအေးသွားတာကြောင့် ယခင်အပတ် နဲ့စာရင်ဈေးကျလာပြီးတစ်ပိဿာကို ၈၆၅ကျပ်(တစ်တန်ကို၅၂၉၇၁၇ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၈၀၀ ခန့်သာအရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဒီတစ်ပတ်မှာ ဝယ်လိုအားက ပုံမှန်ထက်စာရင် လျော့သွားတာကြောင့် ဈေးကျလာပြီး တစ်ပိဿာကို ၁၀၂၅ ကျပ်(တစ်တန်ကို ၆၂၇၆၉၉ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၀၀၀ ခန့်သာအရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံခွဲ စက်သမားများ ဝယ်အားလျော့သွားတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၆၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background
