Main menu

Background

မန္တလေးဈေးကွက်မှာ ပဲတီစိမ်းဈေးစွာပြီး မတ်ပဲဈေးတန့်ကာ ပဲစင်းငုံနီနဲ့ ကုလားပဲဖြူလုံးကြီးဈေးကျ

Wed, 06/05/2013 - 14:25 -- ydnar

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲမျိုးစုံဈေးကွက်မှာ ပဲတီစိမ်း ကြီးဈေးစွာလာပြီး မတ်ပဲဈေးတန့်နေကာ ပဲစင်းငုံနီနဲ့ ကုလားပဲဖြူလုံး ကြီးကတော့ ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ပွဲရုံရပ်ကွက် ကဆိုပါတယ်။ နှမ်းမျိုးစုံကတော့ ဒီတစ်ပတ်မှာ အမြင့်ဈေးနဲ့ အ ရောင်းအဝယ်ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ပဲတီစိမ်းဈေးကွက်မှာ တရုတ် ဝယ်လက်က ပဲရဲ့အရည်အသွေးကိုကြည့်ပြီး ဈေးပေးအဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၄၂၂ ကျပ်(တစ်တန်ကို ၈၇၀၈၁၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ မှ ၈၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲအ နေနဲ့ ရန်ကုန်ဝယ်လက်အဝယ်ပါးပြီး မြို့ခံပဲခွဲစက်တွေသာ ဝယ်အား ပုံမှန်ရှိခဲ့လို့ ယခင်အပတ်နဲ့စာရင် ဈေးအပြောင်းအလဲမရှိဘဲ ဈေးငြိမ် နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ယခင်အပတ်က အရောင်း ရောအဝယ်ပါလျော့သွားတာကြောင့် တစ်ပိဿာ ကို ၁၀၃၃ ကျပ်(တစ်တန်ကို ၆၃၂၅၉၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားသာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန် သည်တစ်ဦးက ဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) ကို ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက်ဒေသတွင်းခွဲစက်နဲ့ ဒေသလုပ်ငန်း သမားများရဲ့ ဝယ်လိုအားက ပုံမှန်ထက်စာရင် လျော့သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာရှိနေတယ်လို့ မြို့ခံပဲခွဲစက် လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ကု လားပဲဖြူလုံးကြီးတစ်ပိဿာ ၉၆၉ ကျပ်(တစ်တန်ကို ၅၉၃၄၀၅ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်)တစ်ပိဿာကို ၉၅၁ ကျပ်(တစ်တန်ကို ၅၈၂၃၈၂ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်းတစ်ရက်ကို အိတ် ၁၀၀၀ ခန့်သာအရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကိုတော့ တရုတ်ဝယ် လက်နဲ့ ဒေသတွင်းဆီစက်တွေက ဒီတစ်ပတ်မှာ ဈေးပေးအဝယ်ရှိတာ ကြောင့် အမြင့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန် သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းဖြူတစ်ပိ ဿာ ၃၁၁၁ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၄၄၄ ကျပ်၊ နှမ်းနက်စမုံ ၃၄၄၄ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၈၀၀ ခန့်အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း သိရပါတယ်။