* မတ်ပဲကို အိန္ဒိယအဆွဲရော ပြည်တွင်းခွဲစက်တွေပါ ဝယ်လိုအားလျော့လို့ ဘုရင့်နောင်၊ ပြည်နဲ့ ဟင်္သတမှာ ဈေးကျလာ * ပဲစင်းငုံနီကို အိတ်စပို့ အဆွဲ ပါးလို့ ပြည်တွင်းဈေးကွက် အသီးသီးမှာ အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ် * ပဲတီစိမ်းကို တရုတ်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိလို့ မန္တလေးနဲ့ မုံရွာမှာ ဈေးစွာလာ * ကုလားပဲဖြူလုံးကြီးနဲ့ကုလားပဲ(ထိုင်ဝမ်)ကိုပြည်ပအဆွဲမသွက်သေးပေမယ့် ပြည်တွင်းပဲခွဲစက်တွေသာ ဝယ်လိုအားပုံမှန်ရှိလို့ မန္တလေး၊ မုံရွာနဲ့ ပခုက္ကူမှာ နေ့စဉ်အရောင်းအဝယ်ဖြစ်နေ * နှမ်းမျိုးစုံက တရုတ်ဝယ်လက်နဲ့ ပြည်တွင်းဆီစက်တွေ ဝယ်အား ပုံမှန်ရှိလို့ မန္တလေးနဲ့ မုံရွာမှာ ဈေးမြောက်လာ * ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်များ အဝယ်ဆုံပေ မယ့် မူဆယ်၊ တောင်ကြီးနဲ့ လားရှိုးမှာ ဈေးတန့်နေ
Background