Main menu

Background

စားအုန်းဆီဈေး တက်ရာမှ ပြန်ကျ

Wed, 06/05/2013 - 14:36 -- ydnar

မေလ ၂၉ ရက်က ရေနံစိမ်းဈေးနှုန်းများဟာ ရက် သတ္တပတ် လေးပတ်အတွင်း အနိမ့်ဆုံးနှုန်းသို့ ကျဆင်းခဲ့ပါ တယ်။ ဒီလိုကျဆင်းခဲ့တာကို အကြောင်းပြုပြီး ဟင်းသီးဟင်း ရွက်ဆီများကို ဇီဝလောင်စာဆီအဖြစ် ဝယ်လိုအားလည်း ကျ ဆင်းစေခဲ့တဲ့အတွက် စားအုန်းဆီဈေးများလည်း ရက်သတ္တ ပတ် ခုနှစ်ပတ်အတွင်း အမြင့်ဆုံးနှုန်း သို့ ရောက်ရှိရာမှ ပြန် လည် ကျဆင်းခဲ့ပါတယ်။ ငါးရက်ကြာ ဆက်တိုက်မြင့်တက် နေရာမှအတက်ရပ် သွားခြင်းဖြစ်ပါ တယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင်မှာ သြဂုတ် လအတွက် ကြိုရောင်းဈေးဟာ ၁ ဒသမ ၂ ရာခိုင်နှုန်းထိကျဆင်းပြီး မက်ထရစ် တစ်တန်ကို ၂၃၇၁ ရင်းဂစ် (၇၇၁ ဒေါ်လာ) နှုန်းရှိခဲ့ပါတယ်။ ကွာလာ လမ်ပူ ဈေးကွက်မှာမူ မနက်ပိုင်း ဈေးကွက်မှာ ၂၃၇၇ ရင်းဂစ် နှုန်း ရှိခဲ့ပါတယ်။

ရေနံစိမ်းအသုံးများတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးခိုင်မာစပြုလာပြီ ဖြစ်လို့ အမေရိကန် ဗဟိုဘဏ်က ဘွန်းစာချုပ်များဝယ်ယူမှုလျှော့ချတော့မှာကို စိုးရိမ်မှုကြောင့် အနောက်တက္ကဆပ်ရေနံစိမ်း(WTI) ဟာ မေ ၂၉ ရက်က ၂ ရာခိုင်နှုန်း ကျဆင်းပြီး၊ မေ ၁ ရက်နောက်ပိုင်း အနိမ့်ဆုံး ဈေးသို့ ရောက်ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ လောင်စာဆီ ချက် လုပ်ရန်အတွက် ၂၀၁၂ ခုနှစ်က စားအုန်းဆီတန် ၅  ဒသမ ၆ သန်းသုံးစွဲခဲ့ကြောင်းဘလွမ်း ဘတ်မှတ်တမ်းများအရ သိရပါ တယ်။ စားအုန်းဆီအစားထိုးဖြစ်တဲ့ ပဲပုပ်ဆီဈေးကျဆင်းမှုက လည်း စားအုန်းဆီ အဝယ်ထိုင်းစေခဲ့ကြောင်း၊ စင်ကာပူရှိ Phillip Future ကုမ္ပဏီမှ ဆင်ဟန်ရှင်းက ပြောပါတယ်။ ပဲပုပ်ဆီ ဇူလိုင်ကြိုဝယ်ဈေးမှာ တစ်ဘူရှယ်ကို ၁၅ ဒေါ်လာနှုန်း ရှိခဲ့ပါတယ်။ တရုတ်ဒါလီယံကုန်စည်ဒိုင် စားအုန်းဆီရဲ့ စက်တင်ဘာ ကြိုပွိုင့်ဈေးဟာ ၁ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ၆၁၃၆ ယွမ် (၁၀၀၁ ဒေါ်လာ)နှုန်းနဲ့ ပဲပုပ်ဆီမှာ သုညဒသမ ၉ ရာ ခိုင်နှုန်းကျဆင်းပြီး ၇၄၇၀ ယွမ်နှုန်းရှိခဲ့တယ်လို့  bloom-berg.com မှာဖော်ပြထားပါတယ်။                         UNT