Main menu

Background

ဘိလပ်မြေဈေးနှုန်းများ(3-6-13)

Wed, 06/05/2013 - 14:46 -- ydnar

အိန္ဒိယနဲ့ထိုင်းမှဘိလပ်မြေတန်ချိန်နှစ်သောင်းခြောက်ထောင်ကျော်ဝင် ပြည်တွင်းကို မေလ ၁၉ ရက်မှ ၂၅ ရက်နေ့တာကာလအတွင်း ကန်ဒေါ်လာ နှစ်ဆယ့်နှစ်သိန်းကျော်တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၂၆၂၄၈ ဒသမ ၆၂ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေတန်ချိန် ၃၀၀ ဝင်ခဲ့သလို အခြားဘိလပ်မြေများလည်း တန် ချိန် ၂၂၆၅၈ ဒသမ ၄ တန်ဝင်လာတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံမှ ဘိလပ် မြေတန်ချိန် ၃၂၅၀ ဒသမ ၂၂ နဲ့ အာရပ်နိုင်ငံမှလည်း တန် ၄၀ ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေမှာ တန်ချိန် တစ်သောင်းလေးေ ထာင် ကျော်သာ အဝင်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်သောင်း တစ်ထောင် ကျော်အဝင်ပိုခဲ့ ပါတယ်။     MIRT (DOT)

ဈေးကွက်တည်ငြိမ်နေဆဲ ဘိလပ်မြေဒီတစ်ပတ်မှာ တောင်ကြီး၊ မော်လမြိုင်၊ မန္တလေးမှာ အရောင်းအေးပေမဲ့ ရန်ကုန်မှာတော့ အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ဒီတစ်ပတ် ဘိလပ်မြေဈေးကွက်အခြေအနေများမှာ- တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် ပါးတယ်လို့ သိရပါတယ်။ မိုးရွာလာတာကြောင့် အရောင်းအဝယ်က အေးလာတယ်။အရောင်းအေးပေမဲ့ စိန်ဘိလပ်မြေနဲ့ နဂါးဘိလပ်မြေ ကတော့ အဝယ်လိုက်သေး တယ်။ ဘိလပ်မြေဈေးတွေက အပြောင်းအလဲသိပ်မရှိဘူး။ယခင်တစ်ပတ်ဈေး အတိုင်းဘဲငြိမ်နေတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေ က စိန်(ယိုးဒယား) ၇၉၀၀ ကျပ်၊ ခြင်္သေ့ဘိလပ်မြေက ၅၈၀၀ ကျပ်၊  ကျားခေါင်း ဘိလပ်မြေက ၅၉၀၀ ကျပ်၊ နဂါးဘိလပ်မြေက ၆၅၀၀ကျပ် အရောင်းအဝယ်ဖြစ် တယ်လို့ အနောက်မြို့ပတ်လမ်းမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ ပါတယ်။မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်း အဝယ်အေးတယ်လို့ သိရပါတယ်။ မိုးနည်းနည်းရွာလာတာကြောင့် တည်ဆောက် ရေးလုပ်ငန်းတွေလည်းနားနေရတယ်။ ဒါကြောင့်ဒီတစ်ပတ်မှာ အရောင်းအဝယ် နည်းနည်းအေးလာတာလို့ ဆိုပါတယ်။ အရောင်းအဝယ်အေးတာကြောင့် မြင်း ခေါင်းဘိလပ်မြေနဲ့ ဆင်ဘိလပ်မြေကဈေးငြိမ်နေပေမဲ့ ကြံ့(မြိုင်ကလေး) ဘိလပ်မြေ က တစ်ရာကျပ်ဝန်းကျင် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီလိုဈေးမြင့်ရတာ ကလည်း ဈေးကွက်ထဲပစ္စည်းအဝင်နည်းတာကြောင့် လို့ ပြောပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးကဆင်(ထိုင်း) ဘိလပ်မြေ  ၅၂၀၀ ကျပ်၊ မြင်းခေါင်း ဘိလပ်မြေ ၄၂၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး)ဘိလပ်မြေ ၄၅၅၀ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာဘိလပ်မြေက အရောင်းအဝယ်ပုံမှန်ရှိတယ်လို့  သိရပါ တယ်။ ဒီတစ်ပတ်မှာ ဘိလပ်မြေဈေးကအနည်းငယ်မြင့်လာတယ်လို့ သိရပါ တယ်။ ဆင်ဘိလပ်မြေက ၆၀၀ ကျပ်၊ စိန်ဘိလပ်မြေ ကလည်း ၆၀၀ ကျပ်ဈေးမြင့် လာတယ် လို့ သိရပါတယ်။ ဒီတစ်ပတ်အရောင်းအဝယ်ဖြစ်နေ တဲ့ ဈေးမှာ ဆင် ဘိလပ်မြေ ၆၃၀၀ ကျပ်၊ စိန်ဘိလပ်မြေ ၆၁၀၀ ကျပ်၊ ကျောက်ဆူးဘိလပ်မြေ ၅၈၀၀ ကျပ်နဲ့ အရောင်းအ ဝယ်ဖြစ်တယ်လို့ ဘုရင့်နောင်ပွဲရုံနဲ့ ဘိလပ်မြေ အရောင်းဆိုင်မှ စုံစမ်း သိရပါတယ်။ ပဲခူးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ပုံမှန်လောက်ပဲ ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်နည်းနည်း အေးတာကြောင့် ဈေးကွက်ထဲပစ္စည်းအဝင်လည်း နည်းလာတယ်။ ဈေးလည်းကျလာ တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ ဆင် (ထိုင်း) ၆၄၀၀ ကျပ်၊ စိန်(ထိုင်း) ၆၂၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၅၃၀၀ ကျပ်နဲ့ အရောင်း အဝယ် ဖြစ်တယ်လို့ သိရပါတယ်။                             MIRT (DOT)