ဓာတ်မြေသြဇာဈေးနှုန်းများ (3-6-13)

ဒီတစ်ပတ် မြေသြဇာအဝင်နည်း
သီတင်းတစ်ပတ်ဖြစ်တဲ့ မေလ ၁၉ ရက်မှ ၂၅ ရက်နေ့အတွင်း ကန်ဒေါ်လာ တစ်သိန်းရှစ်သောင်းကျော်တန်ဖိုးရှိ မြေသြဇာတန်ချိန် ၅၈၀ ကို ပင်လယ်ရေ ကြောင်းလမ်းမှ တစ်ဆင့် မှာယူ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ မြေသြဇာတန်ချိန် ၄၈၀ နဲ့ မလေးရှားနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ တန်ချိန် ၁၀၀၊ တင်သွင်းလာခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်မှာ မြေသြဇာက တန်ချိန် သုံးထောင့်လေး ရာကျော်တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် နှစ်ထောင့် ရှစ်ရာကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။             MIRT (DOT)

 
ဈေးကွက်အတွင်း လှုပ်ရှားမရှိဘဲ ငြိမ်နေဆဲဓာတ်မြေသြဇာ
ပြည်တွင်းဈေးကွက်များဖြစ်တဲ့မကွေး၊မော်လမြိုင်၊တောင်ကြီး၊ပဲခူး မှာဈေးငြိမ် နေပေမဲ့ မန္တလေးမှာ ဈေးနည်းနည်း ကျလာတယ်လို့သိရပါတယ်။မိုးကျလာတာ ကြောင့်ဒီတစ်ပတ်မှာမြေသြဇာအရောင်းအဝယ်လိုက်လာတယ်လို့ို့ သိရပါတယ်။    ရန်ကုန်ဈေးကွက်မှာ ဒီတစ်ပတ် မြေသြဇာအရောင်းအဝယ်  ပုံမှန်ရှိတယ်လို့ သိရပါတယ်။ မိုးနည်းနည်းကျလာတာနဲ့ မြေသြဇာလည်း အရောင်းတက်လာတယ်။ မြေသြဇာလည်း အရောင်းတက်သလိုမြေသြဇာ ဈေးလည်း လှုပ်လာတယ်။ဒီတစ် ပတ်မှာ ယူရီးယား မြေသြဇာက ငါးရာကျပ် ဈေးတက်သလို တီစူပါက ခုနှစ်ရာကျပ် ပိုတက် မြေသြဇာက တစ်ထောင့်နှစ်ရာကျပ် ဈေးမြင့်ပြီး ပိုတက်(ထိုင်း)ကတော့ ပစ္စည်းပြတ်နေတယ်လို့ သိရပါတယ်။ဒီတစ်ပတ်အရောင်းအဝယ်ဖြစ်တဲ့ဈေးမှာ ယူရီးယား(နေရွက်လှေ-တရုတ်) ၂၀၀၀၀ကျပ်၊ ယူရီးယား(ရွှေတောင်-တရုတ်) ၂၀၀၀၀ ကျပ်၊ တီစူပါ(သံကွင်း-တရုတ်)၂၁၀၀၀ကျပ်၊ ပိုတက်(အိန္ဒိယ) ၂၆၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ဈေးကွက်အတွင်းမှ စုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာကဒီတစ်ပတ်မှာလည်း အရောင်း အဝယ် ပုံမှန်ရှိတယ်လို့သိရပါတယ်။ ဒီအချိန်က ဓာတ်ဆားနဲ့ပုလဲ မြေသြဇာ တွေအသုံးများ တယ်။ တခြားမြေသြဇာတွေလည်း ရောင်းရပေမဲ့ သီးစုံကပိုပြီး ရောင်းအားကောင်း တယ်လို့ သိရပါတယ်။ အသုံးများပြီး ရောင်းအား ရှိပေမဲ့လည်း မြေသြဇာဈေးက ဒီတစ်ပတ်မှာ ဈေးမတက်ဘူး။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်တဲ့ ဈေးမှာ ယူရီးယား-ပုလဲ(ကမ္ဘာလုံး၊ ပန်းဖူး၊ ရွှေတောင်)(တရုတ်)၂၀၀၀၀ကျပ်၊ တီစူ ပါ ၁၂ ရာခိုင်နှုန်း (တရုတ်) ၈၀၀၀ ကျပ်၊ တီစူပါ၁၆ ရာခိုင်နှုန်း (တရုတ်) ၈၅၀၀ ကျပ်၊တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၄၅၀၀ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၅၀၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၄၅၀၀ကျပ်၊ ယူရီးယား (ယူအေအီး) ၁၉၅၀၀ ကျပ်၊ မြှားကမ္ဘာ ၁၄၅၀၀ ကျပ်ဈေးရှိတယ်လို့  အရှေ့မြို့ပတ်လမ်းမှာ ရှိတဲ့မြေသြဇာ အရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။မန္တလေးမြေသြဇာဈေးကွက်မှာ မြေသြဇာက အရင်တစ်ပတ်က အရောင်း သွက်ပေမဲ့ ဒီတစ်ပတ်မှာ နည်းနည်းအရောင်းပါးတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်မှာ ယူရီးယား(ရွှေတောင်) ၃၀၀ ကျပ်ဈေးကျသလို ပန်းဖူး ၁၀၀ ကျပ်၊ တီစူပါ ၁၆ ရာခိုင်နှုန်း ၃၀၀ ကျပ်၊ တီစူပါ ၁၂ ရာခိုင်နှုန်း ၃၀၀ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅ ၃၀၀ ကျပ်ဈေးကျလာတယ်လို့ သိရပါတယ်။  တီစူပါ ၄၆ ရာခိုင်နှုန်း ကတော့ ဒီ တစ်ပတ်မှာ၃၀၀ ကျပ်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ဒီတစ်ပတ် အရောင်း အဝယ်ဖြစ်တဲ့ ဈေးမှာယူရီးယား(ရွှေတောင်-တရုတ်) ၁၉၀၀၀ ကျပ်၊ယူရီးယား (ပန်းဖူး-တရုတ်) ၁၉၆၀၀ ကျပ်၊ တီစူပါ  (GTSP ၄၆ ရာခိုင်နှုန်း -တရုတ်) ၂၀၁၀၀ ကျပ်၊ တီစူပါ  (GSSP  ၁၆%-တရုတ်) ၈၆၀၀ ကျပ်၊ တီစူပါ (GSSP  ၁၂%-တရုတ်) ၇၉၀၀ ကျပ်၊ ကွန်ပေါင်း ၁၀း ၁၀း၅ ၁၃၇၀၀ ကျပ်နဲ့အရောင်းအဝယ် ဖြစ်တယ်လို့ ၃၂လမ်း၊ ၈၆-၈၇ကြား ပွဲရုံတန်းမှ စုံစမ်း သိရှိရပါတယ်။မကွေးဈေးကွက်မှာ မြေသြဇာ က ဒီတစ်ပတ်မှာ အရောင်းပုံမှန်ရှိ တယ် လို့ မြေသြဇာ ရောင်းဝယ်ရေး လုပ်ငန်း ရှင်တစ်ဦးက ပြောပါတယ်။ အရောင်း ပုံမှန် ရှိပေမဲ့ ဈေးကနည်းနည်းမြင့်လာ တယ်လို့သိရပါတယ်။မြားကမ္ဘာနဲ့ အာမို က ၁၀၀၀ကျပ်ဈေးမြင့်လာသလို ဆင် ၁၀း၁၀း၅ ၈၀၀ ကျပ်၊  ယူရီးယား (ရွှေ တောင်-တရုတ်)၅၀၀ကျပ်၊ တောင်သူမ ၇၀၀ ကျပ်ဈေးမြင့်လာတယ်လို့သိရပါ တယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးက မြားကမ္ဘာ-တရုတ်(အစိမ်း) ၁၅၀၀၀ ကျပ်၊ (အပြာ) ၁၅၀၀၀ကျပ်၊ဆင် ၁၀း၁၀း၅ ၁၄၈၀၀ ကျပ်၊အာမို (၁၀း၁၀း၅) ၁၆၀၀၀ ကျပ်၊အာမို (၁၅း ၁၅း၁၅) ၃၅၀၀၀ ကျပ်၊ အာမို (၁၆း၁၆း၈) ၃၃၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ-(ပန်းဖူး-တရုတ်) ၂၀၇၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၀၃၀၀ ကျပ်၊ပိုတက် ၂၃၇၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ ၁၆၀၀၀ ကျပ်၊ တောင်သူမ၁၄၇၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။MIRT (DOT)