Main menu

Background

နို့ဆီ တန်တစ်ရာ့ငါးဆယ်ဝင်

Wed, 06/05/2013 - 14:56 -- ydnar

သီတင်းတစ်ပတ်ဖြစ်တဲ့ မေလ ၁၉ ရက်မှ ၂၅ ရက်နေ့တာကာလအတွင်း နို့ဆီ ၁၅၁ ဒသမ ၅၂၄ တန် ပင်လယ် ရေကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူ တင် သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် မှာ တန်ချိန် ခြောက်ရာကျော်ဝင်ခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ နို့ဆီအဝင်လျော့ ခဲ့တယ်လို့ ဆိုရပါမယ်။ နို့မှုန့်က နယူးဇီလန်နိုင်ငံမှ ၅၆ ဒသမ ၅၄ တန်၊ မလေးရှားနိုင်ငံမှ သုည ဒသမ ၁၀၈ တန်၊ သြစတြေးလျနိုင်ငံမှ ၁ ဒသမ ၄၄ တန်၊ စင်ကာပူနိုင်ငံမှ ၃ ဒသမ ၉၂၅ တန်၊ ဂျာမဏီနိုင်ငံမှ ၇ ဒသမ ၀၉၄ တန် တင်သွင်းလာခဲ့တယ် လို့ သိရပါတယ်။ ဒီတစ်ပတ်စုစုပေါင်း ဝင်လာခဲ့တဲ့ နို့မှုန့်တန်ချိန်က ၆၉ ဒသမ ၁၀၇ တန်ရှိခဲ့ပါတယ်။ ယခင်တစ်ပတ် နို့မှုန့်တင်သွင်းမှုနဲ့ ယှဉ်ရင် တန်ချိန် ငါး ဆယ်နီးပါး ပိုမိုတင်သွင်းလာတယ်လို့ သိရပါတယ်။         MIRT (DOT)